ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၆)
01200105
"မငိုပါနဲ့...အစုမရယ်...နင့်ကြည့်ရတာ ငါတောင် ငိုချင်လာပြီ..."
"အင်းပါ...မငိုပါဘူးဟ.."
"......."
သဲစုရဲ့ မူလတန်းကတည်းက သူငယ်ချင်း ညီအစ်မ တစ်၀မ်းကွဲလည်း တော်သည့် ဟန်နီစု ကို မကြည့်ပဲ မျက်ရည်တွေ သုတ်ပစ်လိုက်သည်။
သဲစုကို အိမ်ထဲမှာပဲ ထားပြီး အိမ်ပြင်လည်း မသွားရဘူး ဘယ်သူနဲ့မှလည်း မတွေ့ရဘူးလို့ ဖေကြီးက အမိန့်ထုတ်ထားသည်။
ဟန်နီစုတောင်မှ အမျိးအရင်းလည်း ဖြစ်သလို အိမ်မှာ နေလို့ စကားပြောခွင့်ရနေတာ....။
မေကြီးက သဲစုအတွက် ငိုနေပေမဲ့ ဖေကြီးကို တစ်အိမ်လုံး ဘယ်သူမှ မပြောရဲပါဘူး..။
အငယ်ဆုံး ဖြစ်နေတဲ့ သဲစုက ပိုဆိုးသေးသည်။
သဲစု တစ်ဘ၀လုံး သိတက်ကတည်းက ချစ်လာတဲ့ သူက တစ်ယောက်..။
အခု လက်ထပ်ရမှာ က တစ်ခါမှ မမြင်ဖူး မတွေ့ဖူးခဲ့သည့် ဖေကြီး သူငယ်ချင်း တဲ့..။
ဖေကြီး အရှက်ရခဲ့ရတယ်ဆိုပေမဲ့လည်း ဆယ်ရှစ်နှစ် ပြည့်ရုံသာ ရှိသေးသည့် သမီး အငယ်ဆုံးကို ဒီလိုလူနဲ့ လက်ထပ်ပေးရက်တာပဲလား..။
ဟုတ်မှာပေါ့..ဖေကြီး သိက္ခာက အရာအားလုံးထက် အဓိကပဲလေ..။
မေကြီးနဲ့တောင် စိတ်မချလို့ အိမ်မှာ မနေခိုင်းပဲ ဖေကြီးနဲ့သာ လိုက်သွားနေရသည်။
သဲစုနဲ့ ပေးစားမဲ့ ဖေကြီး သူငယ်ချင်းဆိုတဲ့ လူကြီးကလည်း အိမ်ကို ရောက်နေပြီ။
ကားပေါ်မှာ နှစ်ယောက်တည်း ရှိချိန် သဲစု လက်ကို ကျိုးကျေမတက် ဆုပ်ကိုင်ထားသေးသည်။
သဲစု မကြိုက်ဘူး ဖေကြီးနဲ့ တိုင်မယ်ဆိုတော့မှ မကိုင်တော့တာ။
အဲ့ နှာဘူးကြီးနဲ့ပဲ တစ်ချိန်လုံး သွားလာနေရတာ သဲစုမှာ သတ်သေချင်ရင်တောင် အခွင့်အရေး မရခဲ့ပါဘူး..။
ညအိပ်ချိန်ကျတော့ အိမ်မှာကူတဲ့ အဒေါ်ကြီးနဲ့ တူတူ အိပ်ရသည်..။
YOU ARE READING
ဆိုးဆိုးနွဲ့နွဲ့
Random"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...