ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၂၀)
02170830
"အင့်..."
သဲစု ငိုရင်းငိုရင်းက တိတ်သွားပေမဲ့ ရှိုက်သံကတော့ ကျန်နေသေးသည်။
ညသုံးနာရီ ဖြစ်နေပြီမို့ ကိုကြီးက အိပ်ပျော်နေပြီ..။
သဲစု သိခဲ့တာ ကြာပြီ ဖြစ်တဲ့ ကိုကြီးက တခြားတစ်ယောက်လို ပြောင်းသွားသလိုပါပဲ..။
အမြဲကြည်လင်နေတက်သည့် ကိုကြီး စိတ်က ခုတော့ကြောက်စရာကောင်းလိုက်တာ..။
သဲစု ကို ပြောဆိုခဲ့တဲ့ စကားလုံး ကြမ်းကြမ်းတွေထက် ကိုကြီးရဲ့ အပြုအမူတွေကို ပိုပြီး ထိတ်လန့်ခဲ့ရသည်။
သဲစု ဘ၀ က ဒီလိုပါလားလို့ တွေးမိတော့ စိတ်မကောင်း ဖြစ်လာပြန်သည်။
ကိုကြီးရဲ့ ပင်ကိုယ်စိတ်က ဒီလို မဟုတ်ဘူးလို့လည်း ကိုယ့်ကိုယ်ကို ဖြေသိမ့်မိသေးသည်။
အရက်တွေ တိုက်လိုက်တာလား မသိဘူး.။
ကိုကြီး သူငယ်ချင်းတွေက ဘယ်လိုတောင် ရန်စလိုက်လို့လဲ မသိဘူး...။
ကိုကြီးရဲ့ ဒေါသထွက်လွန်းလို့ နီရဲပြီး မျက်ရည်တောင် ရစ်သိုင်းနေတဲ့ မျက်၀န်းတွေကို ပြန်မြင်ယောင်မိတော့ သဲစုမှာ ကိုကြီး အတွက် စိတ်မကောင်းဖြစ်ရသည်။
သဲစု မှားတာပါ..။
ကိုကြီး က အစကတည်းကမှ ရှက်တက်တာကို ခုလိုဆိုတော့ တော်တော် ရှက်သွားမှာပဲ..။
သနားပါတယ်..။
အိပ်ပျော်နေတဲ့ ကိုကြီး မျက်နှာကို ငေးကြည့်ရင်း သနားစိတ် ၀င်လာပြန်ပါသည်။
YOU ARE READING
ဆိုးဆိုးနွဲ့နွဲ့
Random"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...