Part 16

8.1K 406 59
                                    

ဆိုးဆိုးနွဲ့နွဲ့

အပိုင်း (၁၆)

02150748

"ဟင်...ကိုကြီး လာပြီလား..ဒုက္ခပါပဲ..မပြီးသေးဘူး.."

သဲစု ဆိုင်ကယ်သံကြားတော့ ခေါင်းပေါ်က ဘီးကုတ်လေးကို ကပျာကယာ နေရာချလိုက်ကာ မှန်ကို ပြေးကြည့်ရပြန်သည်။

လက်ဖောင်းဂါ၀န်တိုလေးနဲ့ ဂျင်းဘောင်းဘီနဲ့ ဆိုတော့ မရိုင်းလောက်ပါဘူး..။

ရင်တွေခုန်လိုက်တာ..။

သဲစုတို့ လက်ထပ်ပြီးတာ ကြာပြီဆိုပေမဲ့ သဲစုက ကိုကြီးရဲ့ မိန်းမလို ဖြစ်သွားတာ မဟုတ်ဘူးလေ..။

ကိုကြီး သူငယ်ချင်း က သူ့အိမ် အလှူကို သဲစုကိုပါ ခေါ်ခဲ့ဖို့ ဖိတ်သည်။

ကိုကြီးရဲ့ မိန်းမ အဖြစ် လိုက်သွားရမှာ ဆိုတော့ ကိုကြီး ဖုန်းဆက်ပြောကတည်းက သဲစု မှာ ရင်ခုန်ပြီး ပြင်ဆင်ရသည်။

အကျီ င်္တွေ အမျိုးမျိုးကို ရွေးထုတ် ပြီး မေမေ့ နဲ့ မေကြီးကို ရွေးခိုင်းရတာလည်း အမော..။

အကျီ င်္ရပြန်တော့ ရေချိုးပြီး ဖြီးလိမ်းပြင်ဆင်ထားရပေမဲ့ စိတ်တိုင်းမကျပါဘူး..။

မိတ်ကပ်ပြင်တာ သိပ်မကျွမ်းတော့ ကြည့်လို့ကောင်းပါ့မလား မသိပါဘူး..။

"သဲစု...ပြီးပြီလား.."

"ရှန်..ဟုတ်..."

"......."

ကိုကြီး က အခန်းထဲ ၀င်လာတော့ သဲစုမှာ အတော်လေး နေရခက်သွားသည်။

တစ်ခါမှ ခုလို အလှမပြင်ဖူးဘူးလေ..။

မင်္ဂလာဆောင်တုန်းကတော့ ပွဲမို့လို့ သူများပြင်ပေးရတာလေ..။

ခုက ကိုယ်တိုင် ပြင်ဆင်ပြီး ကိုကြီးကို စောင့်နေရတာ ဆိုတော့ ဘာများ ပြောမလဲလို့ ရင်ခုန်မိသည်။

"ကိုကြီး...အ၀တ်မလဲဘူးလား..."

သဲစု မေးလိုက်ပေမဲ့ ကိုကြီးက ပြန်မဖြေလို့ လှည့်ကြည့်မိတော့ မျက်ခုံးတွန့်ကာ ကြည့်နေသည်။

"ဒါက ဘာလဲ.."

"ဟင်.."

"အခု သွားမှာ ငါ့သူငယ်ချင်း အိမ်နော်.."

ဆိုးဆိုးနွဲ့နွဲ့Where stories live. Discover now