Part 2

10.1K 478 27
                                    


ဆိုးဆိုးနွဲ့နွဲ့

အပိုင်း (၂)

01050740

"ဟယ်...ဟုတ်လို့လား...သမီးရယ်.."

"အွင်း...သမီးတောင် သေချာ ဓာတ်မီးနဲ့ ထိုးကြည့်လိုက်သေးတယ်...ကိုကြီးမှ ကိုကြီး အစစ်.."

"သားကြီးက အဲလိုမျိုး မူးဖို့ မပြောနဲ့ အရက်တောင် သောက်လို့ရတာ မဟုတ်ဘူး သမီးရဲ့..."

ညဏ်လင်း အ၀တ်အစားလဲပြီး အောက်ထပ် ဆင်းလာရင်း ကြားလိုက်ရတဲ့ စကားသံတွေကြောင့် မျက်နှာက မှုန်ကြုတ်သွားသည်။

ငါးခြောက်မ ဘာလာရှုပ်ပြန်ပြီလဲ မသိဘူး..။

"ဟော...သား နိုးပြီလား...ညတုန်းက သား အရက်သောက်သေးလား.."

ညဏ်လင်း အရက်သောက်လို့မရတာ သိနေရဲ့သားနဲ့ အမေကထပ်မေးတော့ နည်းနည်းတောင် ကြောင်သွားသည်။

"မသောက်ပါဘူး..အမေရဲ့...ညတုန်းက ကျွန်တော် ပြန်လာတော့...အမေ တွေ့သားပဲ.."

"အင်း..ဟုတ်ပါတယ်..သမီးလေး လူမှားတာ ဖြစ်မယ်.."

အမေက သူ့ဘက်လှည့်ပြီး ပြောတော့ ညဏ်လင်း မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။

"ဘာလဲ...ငါးခြောက်မ ဘာလာပြီး အတင်းပြောပြန်ပြီလဲ.."

"အယ်..သမီးက အတင်းပြောတာ မဟုတ်ဘူး..မှန်တာ ပြောတာ.."

သူ့ကို ငါးခြောက်မလို့ ခေါ်လိုက်တာနဲ့ မျက်နှာက ချက်ချင်းစူပုတ်သွားကာ ရန်ပြန်တွေ့တော့သည်။

"အံမယ်..တစ်ရပ်ကွက်လုံးက အတင်းတွေကို အိမ်သယ်လာတဲ့အရှုပ်ထုတ်မ က နင် တစ်ကောင်ထဲ ရှိတာ..."

ဒီဟာမလေးနဲ့ ညဏ်လင်းက တစ်ချက်မှ အဆင်ပြေတာ မဟုတ်ဘူး..။

လူကြီး လူကြီးမှန်း မသိ ရိုင်းကလည်း ရိုင်းသေးသည်။

"ဟွန့်...သူများကို စွပ်စွဲနေတာ..ညတုန်းက ကိုကြီး မူးမူးရူးရူးနဲ့ လမ်းထိပ်မှာ သေးထိုင်ပေါက်နေတာ သမီး တွေ့သားပဲ.."

"ဟ.."

အမေ့ ရှေ့မှာမို့ ညဏ်လင်း မျက်နှာပူသွားကာ အနားမှာ မဟုတ်တာ ပြောနေတဲ့ ငါးခြောက်ပြားမကို ဒေါင်ခနဲ့မြည်အောင် ခေါက်ပစ်လိုက်သည်။

ဆိုးဆိုးနွဲ့နွဲ့Where stories live. Discover now