🌹🌹🌹

224 29 18
                                    

Hello.. ကိုယ်ပါ

မျှော်နေတာသိပေမဲ့ အကြာကြီးပျောက်နေမိလို့စိတ်မကောင်းပါဘူး။ Active မဖြစ်ရတဲ့အကြောင်းအရင်းကတော့ ကိုယ့်ကျန်းမာရေးကြောင့်ပါ။ စိတ်ပူစေလောက်တဲ့ ရောဂါကြီးကြီးမားမားကြီးဖြစ်တာတော့မဟုတ်ပါဘူး။ စိတ်ပူနေကြမှာစိုးလို့ပါ။ အဓိကဖြစ်ရတဲ့အကြောင်းက stressတွေတအားများနေတာကြောင့်ပါ။ ကိုယ်က တစ်ခုခုဆိုရင် အရမ်းအတွေးများသလို စိတ်လည်းတအားပူတတ်တဲ့ထဲမှာပါတော့ ဦးနှောက်ကိုရော ခန္ဓာကိုယ်ကိုပါ ဖိအားဖြစ်စေခဲ့တယ်နဲ့တူပါတယ်။ လတ်တလောဖြစ်နေတဲ့ ရောဂါလက္ခဏာကိုပြောရရင် မြန်မာအခေါ်နဲ့ဆို 'အင်ပြင်'၊ ဆရာဝန်အယူအဆနဲ့ဆိုရင်တော့ ' အလက်စ်ဂျစ်'လို ခန္ဓာကိုယ်တစ်ဝိုက် အဖုအပိန့်တွေထပြီး လူကမလှုပ်မရှားချင်တော့ဘဲနဲ့ နုံးချိသွားတာမျိုးပါ။ လွန်ခဲ့တဲ့တစ်နှစ်ခွဲ၊နှစ်နှစ်လောက်ကတည်းက စဖြစ်ခဲ့တာပေမဲ့ အဲ့တုန်းက အရမ်းကြီးသတိမထားမိခဲ့ဘူး။ အပေါ်ကပြောခဲ့တဲ့ရောဂါ‌တွေရဲ့လက္ခဏာတွေပဲထင်လို့ လူကြီးတွေပြောတဲ့ဆေးမီးတိုတွေနဲ့ကုလိုက်၊ ဆရာဝန်ပေးတဲ့ အလက်ဂျစ်အတွက် သောက်ဆေး၊‌လိမ်းဆေးတွေသုံးလိုက်နဲ့ပဲ။ အဲ့ဒီ့အထိလည်း ကိုယ်ကပေါ့ပေါ့တန်တန်ပဲ။ ကြားထဲမှာ သန်ကြောင့်ဖြစ်နိုင်တယ်ဆိုလို့ သုံးလတစ်ကြိမ်နဲ့ တစ်နှစ်တိတိသန်ချဖို့ပြောတော့လည်း ချလိုက်သေးတာပဲ။ ဒါပေမဲ့ အဲ့လိုတွေလုပ်လို့အရှင်းပျောက်သွားလားဆိုတော့လည်း မပျောက်လာဘူး။ လုပ်တုန်းခဏလောက်ပဲ စိတ်သက်သာရာရသွားလို့ထင်တယ် ပျောက်သွားပေမဲ့ လနည်းနည်းကြာတာနဲ့ ပြန်ပြန်ဖြစ်ပြန်ရော။ မှတ်မှတ်ရရပြောရရင် Fate Affectionတင်နေတုန်းမှာလည်း အဲ့လိုတွေဖြစ်ခဲ့သေးတယ်။ noteထဲမှာတောင်ထည့်ရေးလိုက်သေးလို့ တစ်ချို့စာဖတ်သူတွေဆိုသတိထားမိမလားမသိဘူး။ အဲ့လိုပေါ့နော်။ ဒါပေမဲ့ ခုတလော ဒီလ‌တွေအတွင်းမှာတော့ အဲ့လက္ခဏာက ခပ်စိတ်စိတ်ပဲပြန်ပေါ်လာတယ်။ တစ်လအတွင်းမှာကိုနှစ်ကြိမ်လောက်ဖြစ်တဲ့အခါရှိသလို၊ တစ်ခါဖြစ်ရင်လည်း သုံးလေးရက်ကနေ အများဆုံး တစ်ပတ်ကျော် နှစ်ပတ်နီးပါးပဲ။ အဲ့ဖြစ်တဲ့အချိန်တွေဆိုလည်း လူကနုံးချိပြီး ဘာကိုမှမလုပ်ချင်မကိုင်ချင်တော့တာ။ စဖြစ်ရင် ခြင်ကိုက်ဖုလိုသေးသေးလေးကနေ (၁၄)စင်တီမီတာလောက်ထိရှည်တဲ့ထူပိန်းပိန်းအချပ်ကြီးထိဖြစ်သွားပြီးတော့ အဲ့ဖြစ်တဲ့နေရာကလည်း ပူပြီးယားနာပုံစံ။ ဒါပေမဲ့နော်၊ ပျောက်ပြီဆိုရင်လည်း အရာသေးသေးလေးတောင်မှမကျန်ခဲ့ဘူး။ လုံးဝကိုအရှင်း။ ကိုယ်သွားပြတဲ့ဆရာဝန်က တစ်နေ့တာ ကိုယ်ဘာလုပ်တယ်၊ဘာစားတယ်ဆိုတာကို စဉ်းစားပြီး မှတ်စုလေးနဲ့ချရေးထားဖို့ပြောတော့မှပဲ တူညီတဲ့အချက်လေးတွေကိုရွေးထုတ်ရင်း သတိထားမိလာတာ။ ထူးထူးခြားခြားအဖြစ်ဆုံးကတော့ ကိုယ် ကိစ္စတစ်ခုနဲ့stressတွေတအားများနေတဲ့အချိန်၊ ဖြစ်နေကျအတိုင်း ခန္ဓာကိုယ်မှာအပိန့်တွေထလာတော့တာပဲ။ နှစ်ရက်လောက်ထိက အဲ့အတိုင်းပေမဲ့ သုံးရက်မြောက်ညမှာကျ ကိုယ့်ကိုstressဖြစ်စေခဲ့တဲ့အဲ့ကိစ္စကလည်း အဆင်ပြေပြေနဲ့ပြီးသွားတယ်။ ကိုယ်လည်း စိတ်ပေါ့ပါးသွားတယ်ပေါ့။ စိတ်အေးအေးနဲ့ပဲ အဲ့ညကအိပ်လို့ပျော်သွားတယ်။ အဲ့တစ်ညပြီးတော့ နောက်‌တစ်နေ့မနက်မှာ ခန္ဓာကိုယ်ကလည်း အရင်နေ့တွေလိုနုံးနေတာမျိုးမရှိဘဲပေါ့ပါးနေတာသတိထားမိသွားလို့ကြည့်မိတော့ အရင်ညကထိ ထူပိန်းပိန်းကြီးရှိနေတဲ့အပိန့်တွေတစ်ခုမှမရှိတော့တာပဲ။ ကိုယ်လည်းပျော်သလို အမေလည်းအံ့ဩသွားတယ်။ ဘာလို့ဆို ဖြစ်တဲ့အကြိမ်တွေထဲ အဲ့တစ်ခါကရက်အတိုဆုံးနဲ့ ချက်ချင်းကြီးပျောက်သွားတာလည်းဖြစ်နေလို့ပါ။ အဲ့နောက်ပိုင်းတော့ အစားအသောက်မှားလို့လား၊ အနေအထိုင်ကြောင့်လားလို့ တွေးနေစရာမလိုတော့ဘဲ ကိုယ့်စိတ်အတက်အကျကိုပဲ သတိထားပြီးလေ့လာဖြစ်တော့တယ်။ Autoimmune diseaseလို့တော့ အခြေခံအားဖြင့် သံသယရှိပေမဲ့ တိတိကျကျသိရအောင်တော့ သတိလည်းထားရင်း စောင့်ကြည့်နေတုန်းပါ။

နှလုံးသားရဲ့ ဂီတ(နှလုံးသားရဲ့ ဂီတ)Where stories live. Discover now