အပိုင်း (1)"ဒယ်ဒီ ဘယ်လည်း....."
ညိုးထိုင်နေရာမှ ဖခင်
ဖြစ်သူ ကားသော့ယူ၍
အပြင်ထွက်ဖ်််ို့ ပြင်နေသောကြောင့်
သူမကြည့်၍ တအံ့တသြလေး
မေးလိုက်၏။ဦးဆန်းကမ္ဘာ
လှည့်ကြည့်၍..."အဟွန်း..ဖေဖေ..သမီးငယ်လေး
ဆီ သွားမလို့ပါ...."ညိုး နှုတ်ခမ်းလေးအားစုထော်
ပစ်၍..."ဒယ်ဒီ သမီးတစ်ယောက်လုံး
ရှိသေးတာကို ဘာဖြစ်လို့
သူ့ဆီပဲ သွားချင်နေတာလဲဟင်..
ညို့ကို ဒယ်ဒီ မချစ်လို့လားဟင်....""မဟုတ်ပါဘူးသမီးရယ်..ဖေဖေ
သမီးငယ်လေးကို လွမ်းလို့ပါ
သူ့မှာ မိခင်နဲ့လဲဝေး ဖခင်နဲ့
လည်းဝေးနေရတာလေ...ဖေဖေက
မကြည့်တော့ ဘယ်သူကြည့်မှာလဲ
သမီးရယ်..သမီးညီမလေးကို မသနား
ဘူးလား...''နောက်မိန်းမနဲ ရထားသော သမီး
ဖြစ်သူ ပွင့်ဖြူညို့ အား ဦးဆန်းကမ္ဘာ
မျက်နှာငယ်စွာကြည့်၍....ပြောလိုက်
မိ၏။နောက်မိန်းမဆိုပင်မဲ့လည်း သမီး
သည်းလေးရဲ့ မိခင်ဖြစ်သူနဲ့ လက်မထပ်
ခင် သမီးကြီးညို့ရဲ့ မိခင်ဖြစ်သူနဲ့
အမူးလွန်၍ မှားခဲ့တာ ဖြစ်သည်။ဘာမှမဖြစ်လောက်ဘူးထင်ထားသော်
လည်း သမီးသည်းလေးရဲ့ မိခင်နဲ့
လက်ထပ်ပြီးမှ ကိုယ်ဝန်ပေါ်လာ
တော့ သူတာဝန်မမဲ့ချင်သောကြောင့်
နောက်ကနေ ထောက်ပံ့ပေးခဲ့တာဖြစ်သည်။သည်းလေးရဲ့ မိခင်ဆုံးပါးသွားချိန်
အိမ်ကို သမီးညို့တို့ သားအမိနှစ်
ယောက် ရောက်ချလာချိန်မှာ သမီး
ငယ်လေး အိမ်မှာမနေတော့ဘဲ
သူမ မိခင်ပိုင်ဆိုင်သော တိုက်ခန်း
မှာ ပြောင်းရွေ့နေခဲ့တာဖြစ်သည်။မိန်းကလေးတစ်ယောက်ထည်း
သူ စိတ်မချတာကြောင့် သူမငယ်ငယ်
လေးထဲက ထိန်းကျောင်းပေးလါ
သော ဒေါ်ကလျာကိုပါ သမီးနဲ
အဖော်အဖြစ်ထားပေးခဲ့သည်။အခုလည်းကျောင်းပိတ်ရက် တနင်္ဂ
နွေဆို သူသမီးလေးဆီအမြဲသွားနေတာ
ကြောင့် မျှော်နေမည့်ပုံရိပ်လေးကို
မြင်ယောင်ကာ...စိတ်မကောင်းပင်
ဖြစ်မိ၏။