အပိုင်း(7)
"သည်း ငါနင့်ကိုမေးမလို့ ဆရာနင့်ကို
ခေါ်သွားပြီး ဘာပြောတာလဲဟင်..."သည်း လွယ်အိတ်လေးအား မလွယ်ဘဲ
ပိုက်ထားပုံက တကယ့်အူယားစရာပင်။
ထက်ထက်အမေးကြောင့် သည်းရဲ့နှုတ်ခမ်း
ဖူးဖူးမှာ အရှေ့သို့ စူထွက်လာ၍ ထိုလူ့ဂွစာ
ကြီးမျက်နှာအား မြင်ယောင်ကာ..."ငါ့ကို ကိုင်တဲ့ကိစ္စလိုက်မပြောရဘူးတဲ့
အဲဒါ မတော်တဆဖြစ်တာတဲ့ အဲဒါပြောတာ...""အို သည်းရယ် တိုးတိုးပြောပါ...သူများ
တွေကြားကုန်အုံးမယ်..."ထက်ထက် မျက်ဝန်းလေးပြူးကာ
ပြောလာမှ သည်း မျက်နှာလေးမှာ
ပတ်ဝန်းကျင်က လူများအားဝေ့ကြည့်၍..."အဟဲ...ဟုတ်းသားပဲ ငါအားပါသွားလို့ပါ...
ဟီးဟီး...""အေးပါ နင်တို့ကလဲနော် ဖြစ်ပဲဖြစ်တက်
လွန်းတယ် ဒါဆို နင်နဲ့ဆရာက
အတူတူနေတာပေါ့နော်...""နင်ကလဲ ကွန်ဒို တစ်ခုထည်းနေတာလား
ပြောစမ်းပါ...""အဟဲ ငါလဲအားပါသွားလို့ပါဟ..."
"အဟွန့် သူများစကားကြီးကို..."
သည်း မျက်စောင်းလေးထိုးကာပြောပြီး
ကျောင်းဝန်းထဲကနေ နှစ်ယောက်သား
လမ်းလျှောက်လာခဲ့သည်။သည်းနဲ့ ထက်ထက်က ကျောင်းအပြန်
ကားဂိတ်မှာပဲ လမ်းခွဲကြရတာဖြစ်သည်။သည်းက ပြောရင်ရင်တောင်ဘက်မှာနေ
ရင် ထက်ထက်ကမြှောက်ဘက်မှာနေတဲ့
သူဖြစ်သည်။"ကဲ သည်း ငါ ဒီဘက်က ကားစီးတော့မယ်
နင် လမ်းကူးတော့ သေချာပြန်နော်..."သည်း ခေါင်းလေးငြိမ့်ပြ၍...
"အေးပါ နင်လဲသေချာပြန် ငါက
ဘာမှ မဖြစ်ဘူး...bye bye မနက်မှ
တွေ့မယ်နော်...""အေးပါ... ဒါဆို ဟိုမှာကားလာပြီး
ငါသွားတော့မယ်နော်...""အွန်း..."
သည်း ကားပေါ်တက်သွားသော ထက်ထက်အား လက်လှမ်းပြရင်း ပြုံးလိုက်ကာ လွယ်
အိတ်လေးအား ပိုက်ထားပြီးပြုံးနေစဥ်..."သည်း နင် ပြန်တော့မလိူ့လား..."
ထိုအချိန် ကျောင်းဝန်းထဲကနေ ထွက်လာသော ကားတစ်စီး သည်းအနားထိုးရပ်လိုက်
ချိန် လင်းခန့်ရှိန် ဖြစ်နေသောကြောင့် သည်း
ပြုံးပြ၍ ခေါင်းလေးငြိမ့်ပြကာ...