အပိုင်း(15)
"ငို စမ်း ..."
ကားထဲဆွဲထည့်ကာ ငိုခိုင်းဖို့ပြော
ချိန် သူ့အား ဒီအတိုင်း ပြူးကြည့်နေသော
သူမကြောင့် စည်း မျက်မှောင်ကြီးကုတ်ကာ
ကြည့်၍..."မင်းစကားကို ဘယ်လိုပြောနေတာလဲ
သည်းခြေရာ မင်းဆေးကျောင်းတက်နေပြီး
အခုလို ကလေးဆန်နေလို့မရဘူး ကိုယ်ပြော
တဲ့စကားကို ကိုယ်ဘယ်ရောက်နေလဲ
သိရတယ်...""အို သည်းက ဘာပြောလို့လဲ
လူကြီး သည်းကိုရေကူးခိုင်းတာ
အကြောတွေနာလို့ လမ်းလျှောက်
လမ်းမလျှောက်နိုင်တာပြောတာလေ...
ဘာဖြစ်လို့လဲ...""ကျစ်..."
စည်း ဘာမှ မသိစွာပြောလာသော
သူမကြောင့် ကျစ်သက်လိုက်၍.."သည်းခြေရာ ငါ့ကို ကြည့်စမ်း..."
သူ့က ကြည့်ဆိုတော့လဲ မျက်ဝန်းလေးဝိုင်းကာ ကြည့်လာသော သူမကြောင့် စည်း
ပြောမဲ့စကားများပင် ပျေက်သွားသည့်အထိ
ငေးခနဲ ဖြစ်သွား၍ သူ့ကိုယ်သူ အလိုမကျစွာ
စိတ်တိုသွားမ်ိသည်။ပြီးမှ သက်ပြင်းချ၍ သူမကို
ကြည့်ကာ..."မင်းအသက်လဲ နှစ်ဆယ်ဖြစ်နေပြီ
မင်းက အခုကလေးမဟုတ်တော့ဘူးလေ
အရာရာကို စဥ်းစားဆင်ခြင်တက်ရမဲ့
အရွယ် အသိရှိနေရမယ်လေ ဒါကို
မင်း မိဘတွေ မဆုံးမထားဘူးလား သည်းခြေရာ....""လူကြီး..!!!"
သူ့အား မျက်ရည်များဝဲကာ ကြည့်၍
အော်လိုက်သောကြောင့် စည်း
သူမအားကြည့်ကာ..."ငါမင်းအတွက်..."
"တော်ပါတော့ ရှင်ပြောချင်တာ သည်းကို
ကလေးအရမ်းဆန်ပြီး အသိမရှိဘူးလို့
ပြောချင်တာမဟုတ်လား...""မဟုတ် ငါက..."
"ဟုတ်ပါတယ် သည်းဘဝကို သည်း
ပျော်အောင်နေတာ အပြစ်ဖြစ်သွားလား
သည့်ဘဝနဲ့သည်း ပျော်ချင်ပျော်မယ်
ကလေးဆန်ချင်ဆန်မယ် အဲ့ဒါရှင်ကြီးက်ို
ဘာထိခိုက်သွားလို့လဲ.... ကျွန်မက ကလေးဆန်ဆန်နေပင်မဲ့ ကျွန်မအလုပ် ကျွန်မသ်ိတယ် လူကြီး လူကြီးပြောစရာမလိုဘူးပြောချင်ရင် လူကြီးရဲ့ ရည်းစားကို သွားပြော...
အခုလဲ ရှင် ဟိုအမကြီး အထင်လွဲသွားလို့
မဟုတ်လား စိတ်ချ သဲခြေရာဆိုတဲ့ ကျွန်မ
သွားရှင်းပြပေးမယ်...နောက် ကျွန်မကို
လမ်းမှာတွေ့ရင်တောင် မခေါ်ပါနဲ့..."