အပိုင်း(54)
"တောင်းပန်ပါတယ်ကွယ်
ကြားကနေ ဆရာပဲ တောင်းပန်ပါတယ်
နဂိုထဲက ဆရာတူမက အရမ်းဆ်ိုးလို့ပါကွယ်..."ဖြစ်စဥ်ကို သိသွားပြီး လာတောင်းပန်နေသော
ဆေးရုံအုပ်ကြီးကြောင့် သည်း ကဘာမှမဖြစ်တော့ပင်မဲ့ အရမ်းစိုးရိမ်လွန်နေသော လူကြီး
မျက်နှာမှာတော့ တင်းနေကာ.."အသက်အရွယ်က ကျွန်တော်တို့နဲ့အတူလောက်ပုံပါပဲ အခုအချ်ိန်မှာ ကိုယ်ချင်းစာတရားမရှိရင် နောင်တစ်ချိန်
ရှိဖို့ဆ်ိုတာလဲ မဖြစ်နိုင်ဘူးဆရာ.. ဒါ့ကြောင့်
နောက်တစ်ခါ ကျွန်တော့်မိန်းမကို ကိုယ်ထိလက်ရောက် ထပ်လုပ်လာရင် ကျွန်တော်ကတော့ ဘယ်သူ့မျက်နှာမှ ထောက်မှာမဟုတ်ပါဘူး..."ထိုအခါ ဆေးရုံအုပ်ကြီးမှာ ပြုံးကာ
ခေါင်းငြိမ့််နေ၍.."ကောင်းပါပြီကွာ အဟွန်း..စည်းတ်ို့
မိန်းမကို ချစ်တာတုန်နေတာပဲ
စိတ်ချ ဆရာတူမကို နောက်မဖြစ်စေရဘူး
ဆရာ အာမခံတယ်နော်...သမီး သည်းခြေရာ
နေရတာအဆင်ပြေရဲ့လားကွဲ့
ဗိုက်ထဲလေးယောက်ဆိုတော့ နေရထိုင်ရခက်မှာပေါ့...""ဟုတ် နည်းနည်းတော့ ခက်ပါတယ်
ဆရာကြီး နောက်တော့ နေသားကျသွားမှာပါ..."သည်း ဗိုက်ကလေးအသာပွတ်ပြီး
ပြောကာ ဘေးကလူကြီးအား
မော့ကြည့်လိုက်ချိန် သည်းကို
ကြည့်ကာ ပြုံးနေသောကြောင့်
လူကြီးရဲ့အပြံးများက သည်းအတွက်
တော့ ခွန်အားသဖွယ်။"ဟုတ်ပါပြီ အတော်ဆုံး ဆရာဝန်ကြီး
ဘေးမှာရှိနေပေးတါဆိုတော့
ဆရာတို့ အရမ်းစိတ်ပူစရာမလိုဘူးပေါ့..
ဒါပင်မဲ့ ဆရာကူညီနိုင်တာဆိုပြောပါ
လုပ်ပေးမယ်နောိ...""ကျေးဇူးပါဆရာကြီး အခုတော့
မလိုသေးလို့ပါဗျ...""ဟုတ်ပါပြီကွယ်...ဒါဆို
ဆရာပြန်အုံးမယ် စည်းက
ဒီနေ့ဆေးရုံ မလာနဲ့တော့
ဇနီးအနားမှာနေပေးလိုက်ပါ...""ကျေးဇူးပါဆရာကြီး..."
စည်း ဆေးရုံအုပ်ကြီး ပြန်ထွက်သွားချိန်
သူမရဲ့ လက်နုနုလေးအား ကိုင်ကာ.."သဲလေ အခန်းထဲသွားကြရအောင်..."
"အို..ဘာလုပ်မလို့လဲ.. "