အပိုင်း(2)
တစ်စက္ကန့်.... နှစ်စက္ကန့်...သုံးစက္ကန့်.....
"မင်း မျက်လုံးဖွင့်ပြီး ငါ့ရင်ဘတ်ကို
လွတ်လို့ရပြီထင်တယ်..""ဟင်..."
ထိုတော့မှ သည်းမျက်ဝန်းတွေပွင့်လာ
ကာ သူ့အင်္ကျီကြယ်သီးပေါက်ကနေ
ရင်အုပ်ကြီးအား ဆုပ်ကိုင်ထားတာ
ကို ကြည့်၍ မျက်နှာလေးမှာရဲတက်
သွားပြီး...အမြန်သူ့လက်ထဲက ရုန်း
ထွက်၍ အနောက်ကို ဆုပ်လိုက်ကာ..
ခေါင်းလေးငုံ့ချ၍. .."ဟို. တောင်း. တောင်းပန်ပါတယ်
နော်..သည်းမတေည်တဆဖြစ်သွား
လို့ပါနော်.. "စည်းသူမကြောင့် တွန်ကြေသွား
သော အင်္ကျီအား ဆွဲချ၍
အနောက်မှာ ရပ်ထားသော
ကားဆီလျှောက်လာခဲ့တော့သည်။သည်း သူမအား ဂရုမပြုသလို
လုပ်သွားသော ထိုလူကြီးအား
မျက်စောင်းလေးထိုးပစ်ကာ.."ဟ...ဘာလည်း ငါဒီလောက်
တောင်းပန်နေတာကို နေပေါ. .ဟွန့်.. "နှုတ်ခမ်းလေးဆူကာပြောပြီး
ခြေလေးစောင့်လိုက်ကာ
ကားလာမဲ့ဘက်ကို ခေါင်းလေး
မောကာ ကြည့်နေလိုက်၏။ခဏနေ သည်းစီးရမဲ့ busကားရောက်
လာသဖြင့် သည်းအမြန်တက်လိုက်ကာ
ကားပေါ်ရောက်မှ သက်ပြင်းချ၍
လွတ်နေသော ခုံလေးပေါ်ဝင်ထိုင်ကာ
စောစောက လူကြီးရဲ့ မထွက်သေးသော
ကားအား ခေါင်းလေးစောင်းကာ
ကြည့်၍..."ဘာလုပ်နေတာလည်းမသိဘူး
ရုပ်ရည်ကြောင့် ချေမိုးနေတာပဲ...
ဟွန့်. ."သည်းတစ်ယောက်ပြောကာ
တစ်လမ်းလုံးမဲ့ကာနေတော့၏။ကားပေါ် ခဏအကြာလူတွေက
တဖြည်းဖြည်းများလာကာ
သည်းအနားလာရပ်သော
မိန်းကလေးအနောက်..လူတစ်
ယောက်ကပ်ရပ်လာတာကို
သည်းသတိထား ကြည့်နေမိ၏။သည်းအနားက မျက်စီမျက်နှာပျက်
နေသော မိန်းကလေးသည် သည်းလိုပဲ
မြန်မာဝတ်စုံလေးဝတ်ထားပြီး
ကြောက်လန့်နေသော ပုံလေးဖြစ်နေတာ
ကြောာင့် သည်းထရပ်လ်ိုက်ကာ..."ဒီမှာထိုင်နော်. ..''
"ရှင်..ဟုတ်..ဟုတ်ကျေးဇူးပါ..."