အပိုင်း(37)
"ဟင်...သား...သား...."
ဒေါ်ရွှေစင် သားဖြစ်သူအားပြန်တွေ့ရချိန်
မျက်ရည်များ ကြလာ၍ ပြေးဖက်ရန်ပြင်ချိန်
သားဖြစ် အနောက်မှာ ကိုယ်လေးမြှုပ်နေ၍ ချိုင့်အောက်ကနေ သူမတို့အား မဝင့်မရဲလေး
ခိုးကြည့်နေသော မိန်းကလေးကြောင့်
တအံ့တသြလေးဖြစ်သွားသော ဒေါ်ရွှေစင်။သားဖြစ်သူ မျက်နှာအားကြည့်၍ သဲကွဲစွာ
မမြင်ရသော မိန်းကလေးကြောင့်.."သား..သူက...သူကဘယ်သူလဲ..."
စည်း သူ့နောက်ကျောတွင် ရပ်နေ၍
သူ့အင်္ကျီကိုသာ ခပ်တင်းတင်းဆုပ်ကိုင်
ထားသော သူမအားငဲ့ကြည့်၍
မိခင်ဖြစ်သူအား တောင်းပန်သလိုပြန်ကြည့်ကာ..."ကလေးက ကျွန်တော့် မိန်းမပါ မေမေ..."
"အို...ဘယ်..ဘယ်လို သားမိန်းမဟုတ်လား.. "
ဒေါ်ရွှေစင် သားဖြစ်သူအနောက်က
မျက်ဝန်းလေးနှစ်လုံးသာ မြင်နေရသော
မိန်းကလေးအား ခေါင်းလေးငဲ့ကာကြည့်သော်လဲ သူမလေးကသူကြည့်လေ သားရဲ့အနောက်သို့တဖြည်းဖြည်းကလေးတစ်ယောက်လိုကွယ်သွားသောကြောင့် စိတ်ထဲ
မချင့်မရဲဖြစ်သွားမိ၍....သားဖြစ်သူကိုသာ
ပြန်ကြည့်၍..."သား...မင်းပျောက်နေတာ မိန်းမယူပြီး
ပြန်မလာတာပေါ့...ဟုတ်လား...မေမေမှာတော့အရူးမကြီးလိုပဲ...မင်းကအရင်ကလိုပဲ
အရမ်းသွေးအေးတဲ့ ကောင်လေး....""မဟုတ်ဘူးမေမေ ကျွန်တော်နဲ့ကလေး
ကျွန်းတစ်ခုပေါ်ရောက်နေပြီး ပြန်လာလို့မရတာပါ...""ဟင်...ဘယ်...ဘယ်လို...သား...
သားနဲ့အတူ...""ဟူတ်တယ်မေမေ ကလေးက ကျွန်တော်နဲ့
အတူမျော...""အို...သ...သမီးလေး..."
စည်း သူ့စကားပင်မဆုံးသေးဘဲ
သူ့အနောက်မှာ ခေါင်းလေးပုကာ
ကွယ်ရပ်နေသော ကလေးဆီလျှောက်လာ၍
ကလေးအား တရင်းတနှီးခေါ်လိုက်သော
မိခင်ဖြစ်သူကြောင့် စကားပင်ဆုံးအောင်
မပြောလိုက်ရပေ။ဟုတ်တာပေါ့ မေမေကအရင်က
ကလေးကိုချစ်ပြီးမွေးစားဖို့တောင်
ပြောဖူးတာပဲ ဒါကိုသူမေ့နေတာ
ဖြစ်သည်။