အပိုင်း(5)
လက်တိုတီရှပ်အား အောက်ကဘောင်းဘီ
အနက်ဖြင့် တွဲဝတ်ထားကာ အနက်ရောင်
လေသာ ရူးဖိနပ်က ပြောင်လက်နေပြီး
မဲနက်သော မျက်ခုံးများက ကျုံ့ထားကာ
တစ်ခုခုအား အာရုံစ်ိုက်ကာကြည့်နေသော်လဲ
ချောမောမှုတို့က အထင်းသားပင်။ဆံပင်အတိုအား ဆရာဝန်ဂုဏ်ပုဒ်နှင့်အညီလူငယ်ဆန်ဆန် သပ်ရပ်စွာဘီးသင်ထားပြီး
အသက် 30 ပြည့်တော့မှာလို့ပြောရင် ဘယ်သူ
မှထင်မည်မဟုတ်။ပိရိသေသပ်သောနှုတ်ခမ်းတို့ကလဲ လူနာများနှင့်တွေ့ချိန်မှလွဲ၍ ကျန်အချိန်များတွင်
အမြဲတမ်းတည်တင်းနေကာ....ချောမော
မှုများက စည်းမျက်နှာမှာ စုပြုံနေသလို။မြင့်မားသောအရပ်နှင့် ယောကျာ်းပီသပြီး
တောင့်တင်းလှသော ခန္ဓာကိုယ် ပို၍
ကြည့်ကောင်းနေတော့သည်။မိုးထက်ငေးပြီးပြုံးလိုက်ကာ...
"စည်း ပြန်ကြမယ်လေ....''
"အင်း ခဏလေး...."
လူနာ တစ်ဦးရဲ့ ဓာတ်မှန်ရိုက်ထားသော
အမျိအစားအား အရှေ့က Computerကြီး
ရဲ ဖန်သားပြင်မှာ ပေါ်လွင်နေတာအား
စိတ်ဝင်တစားကြည့်နေသော စည်းအနား
မိုးထက် အိတ်အားဆွဲ၍ သူပါ ဝင်လာကာ
ဘေးမှာရပ်ကာကြည့်၍..."ဒါ cancer ဖြစ်တဲ့ လက္ခဏာတွေပဲ....''
မိုးထက်အပြောအား စည်းခေါင်းငြိမ့်ပြကာ..
"အင်း ဟုတ်တယ် လွန်တောင်လွန်
နေပြီ သူ့ရဲ့ နောက်ဆုံးကျန်ချိန်က
တစ်လပဲ....သူ့ရဲ့ ရောဂါဝေဒနါကို
အဲဒီလက်ရှိကျန်နေတဲ့အချိန်လေးမှာ
မခံစားသွားရအောင် ငါတက်န်ိုင်သလောက်
လုပ်ပေးချင်တယ်....မိုးထက်....''မိုးထက် စည်းရဲ့ ပုခုံးအား
အားပေးကါ ဆုပ်ကိုင်၍..."မင်းကို ငါနားလည်ပါတယ် စည်းရယ်
ငါတို့ဆရာဝန်ဘဝက လူနာတိုင်းကို
အကုန်ကောင်းစေချင်ကြတာ ပျောက်တဲ့
လူနာအတွက် ပျော်ကြသလို အသက်ဆုံး
သွားတဲ့ လူနာအတွက် မျက်ရည်ကျရတဲ့
အခိုက်အတန့်တွေ ရှ်ိပါတယ် ဒါပင်မဲ့
မင်း ဒီလူနာကို ပိုအာရုံစိုက်နေသလိုပဲ...."
