အပိုင်း(46)
"အို...လူကြီးလွတ်နော်..
သည်းဘာသာဆင်းလျှောက်မယ်...""သဲလေး ငြိမ်ငြိမ်နေကွာ...ကိုကို
ချီပေးနေတာပဲ.."စည်း အခုမှ သူမဆံပင်အားကြည့်၍..
"သဲ မင်းဘာလို့ဆံပင်ညှပ်လိုက်တာလဲ.. "
ထိုအချိန် သည်း လူကြီး လည်ပင်းအာလက်ကလေးနှစ်ဖက်ဖြင့်ချိုတ်ထားကာ..
"ဟို..သည်း ဆံပင်တွေကျွတ်လို့ပါ...''
သူမအဖြေကြောင့် စည်း မျက်မှောင်ကြီး
ကုတ်ထား၍.."ဘာလို့ ကိုကို က်ိုယ်မပြောတာလဲ
ညှပ်မယ်ဆိုလဲ..."ဂုတ်ဝဲဆံပင်လေးနှင့် ပို၍ချစ်စဖွယ်ကောင်းနေသော သူမအားစည်းကြည့်၍မေးလ်ိုက်သည်။
"သည်း လူကြီးကို ဖုန်းဆက်ပါတယ်နော်..
လူကြီးမှ မကိုင်တာ..."စည်း ဒီနေ့တစ်နေ့လုံး ခွဲခန်းဝင်ရသဖြင့်
အလုပ်ရူပ်နေကာ အခုထိ ဖုန်းပင်မကြည့်ရသေးပေ။"ဒီတစ်ခါတော့ ထားတော့ နောက်တစ်ခါဆို
အပြစ်ပေးမယ်..အရူးမလေး....''အိမ်ထဲ မဝင်သေးဘဲ နှစ်ယောက်သား
အလွမ်းသယ်နေပြီး သည်းအားချီထားသော
လူကြီးမျက်နှာချောချောအား မော့ကြည့်လိုက်သည်။"ဘယ်လို အပြစ်ပေးမှာလဲ..."
မျက်ဝန်းလေးဝိုင်းကာ မေးလာသော
သူမလေးကြောင့် စည်း ခပ်ချဥ်ချဥ်ပြုံးလိုက်၍ မော့ကြည့်လာသော သူမ မျက်နှာလေးဆီ ခပ်စူးစူးလေးငုံ့ကာကြည့်၍..."နှာခေါင်းနဲ့...."
"အို...လူကြီးနော်..."
လူကြီးရဲ့အကြည့် လူကြီးရဲ့အပြုံး
လူကြီးရဲ့အပြောများကြောင့် သည်း
မျက်နှာလေးရဲတက်နေကာ...
ဘေးကထိုင်ခုံတွင်သည်းကို ပွေ့ချီလျှက်
ဝင်ထိုင်လိုက်သော လူကြီးကြောင့်
သည်းမော့ကြည့််လိုက်ချိန် နဖူးလေးအပေါ်
ကြွေကျလာသော အနမ်းနွေးနွေးလေးတစ်ပွင့်။"လူကြီး..."
"ပြောလေ သဲလေး.. "
"လူကြီးက သည်းကို ဘာလို့ ချစ်တာလဲဟင်..."