အပိုင်း(21)
"နွေးလိုက်တာ...."
တစ်ကိုယ်လုံးကို အနွေးဓာတ်ရနေသော
သည်း နှုတ်ခမ်းလေးသာ လှုပ်ပြီးပြောနေကာ
မျက်ဝန်းများကတော့ပွင့်မလာသေးပေ။စည်း သူ့ရင်ခွင်ထဲက သူမအား ငုံ့ကာ
ကြည့်၍ သူထိတွေ့နမ်းရှိုက်လိုက်သော
နှုတ်ခမ်း ဖြူဖျော့ဖျော့လေးများသည်လဲ
ပန်းရောင်သမ်းနေကြကာ မျက်နှာလေးမှာလဲ
ပြန်၍ လန်းလာသောကြောင့် သက်ပြင်းသာ
အသာချနေမိသည်။နာရီလဲ ပါမလာသောကြောင့် ဘယ်အချိန်တွေ
ရှိနေပြီလဲ မပြောတက်။မိုးမလင်းသေးဘဲ လမင်းကြီးမှာ.ပို၍
ထိန်လာသလို ပင်လယ်ပြင်ကြီးဘက်က
လာသော လေပြေနုနုလေးများသည်လဲ
အအေးဓာတ်ကို ပို၍ ယူဆောင်လာနေကြကာ
အင်္ကျီမရှိသော စည်း အချမ်းဓာတ်အား
အားတင်းကာ အံတုနေတော့သည်။သူမကလဲ သူ့ရင်ခွင်ထဲ အတင်းတိုးဝင်လာသလို အချမ်းဓာတ်ကလဲ အေးစိမ့်လာသော
ကြောင့် စည်းအံ့ကိုသာ ခပ်တင်းတင်းကြိတ်ထားမိ၍ သူမအားဖတ်ထားကာ မျက်ဝန်းများ
မှိတ်ထားမိသော်လဲ.....အေးတက်လာလာပြီး မျက်ဝန်းများက
စင်းကျလာသောကြောင့် စည်း သူမကိုယ်လေးကိုပါ ဆွဲမယူ၍.... နှစ်ဦးသား
ကောက်ရိုးလေးတွေပေါ်လဲချလိုက်တော့သည်။သူမကတော့ ဘာမှမသိစွာ အေးလို့ထင်သည်
သူ့ရင်ခွင်ထဲကိုပဲ အတင်းတိုးဝင်နေပြီး အတင်းဖက်တွယ်ထားသောကြောင့် စည်း
သူမအား ခါးလေးကနေ ပြန်လည်ဖက်တွယ်
ထားလျှက် စင်းကျလာသော မျက်ဝန်းများအားခဏ မှေးစက်လိုက်တော့သည်။ကျလိ....ကျိလိ....ကျိလိ....
ထိုအချိန် ကျွန်းလေးပေါ်က ငှက်ကလေး
များရဲ့အသံလေးများသည်လဲ ထွက်ပေါ်လာလျှက်။----======================^^^^^🍓🍓🍓🍓🍓🍓🍓
"မေမေ........"
"မေမေ...."
"ဟင်..."
ဒေါ်ရွှေဥ ရင်းနှီးလှသော အသံသဲ့သဲ့လေး
ကြောင့် သမီးဖြစ်သူလက်ကလေးအား
ကိုင်ရင်း အိပ်ပျော်သွားပြီး ဖြတ်ခနဲ
လန့်နိုးလာကာ သမီးဖြစ်သူ သူမအား
မျက်ဝန်းများပွင့်ကာ ကြည့်၍ ခေါ်နေသော
ကြောင့် ...သူမ အံ့သြလွန်း၍ စကားများ
ချက်ချင်းမထွက်နိုင်ကာ...ကျောက်ရုပ်ကြီးလို
ရှိနေစဥ်...