အပိုင်း(27)
ရောင်စုံမီးရောင်များကြား
လူငယ်လူရွယ် အသက်မျိုးစုံ
အရွယ်များ ထွက်ပေါ်နေသော
ခပ်မြူးမြူးတီးလုံးသံနှင့်အညီ
လှုပ်ရမ်းကာ ပျော်မြူး ကခုန်နေကြတော့သည်။အချို့ကြတော့လဲ ဝိုင်းဘားတွင်
ဝိုင်အား အရသာခံစွာသောက်နေကြ
ပြီး အချို့ကြတော့လဲ အပေါင်းအသင်း
များဖြင့် ပျော်ရွှင်ကာ စကားပြောနေကြတော့သည်။ထိုအထဲ လူအုပ်ကြားထဲ မူးကာ
ကခုန်နေသော ပွင့်ဖြူညို့တစ်ယောက်
အပါအဝင်ပင်။ဘောင်းဘီအနီရောင်ပေါင်တိုလေးနှင့်
အင်္ကျီခါးပြတ်အတိုလေးအား
ဝတ်ထားပုံက ခေတ်ဆန်လှစွာ...🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼
"ညို့ နင်အရမ်းမူးနေပြီ ပြန်ကြမယ်....''
"ဟင့်အင်း ဖယ်ပါ ငါမပြန်သေးဘူး.. "
ဘေးက ပြန်ရန်ခေါ်နေသော သူငယ်
ချင်းဖြစ်သူအား ညို့ တွန့်ထုတ်၍.."ဟင့်အင်း ငါမပြန်ဘူး..ဖယ်ပါ..."
"မပြန်လို့မရဘူးလေဟာ အချိန်လဲ
ကြည့်ပါအုံးညို့ရဲ့....""ဟင့်အင်း မပြန်ဘူး ငါ့မှာ မိသားစုဆိုတာ
မရှိဘူး အိမ်ဆိုတာလဲ ငါခင်တွယ်တော့ဘူး
ဖေဖေက ငါ့ကိူမချစ်ဘူးဟ...."သီးချင်းသံတွေကြောင့် စကားအား
အော်ပြောနေရကာ ညို့မျက်ဝန်းမှ
မျက်ရည််များကလဲ လက်ခနဲပင်။"ည်ို့ရယ် နင်ကလဲ အိမ်နဲ့
ရန်ဖြစ်လာလိူ့လား...''"မဟုတ်ဘူး ငါ ဟိုသည်းခြေရာ
ဆိုတဲ့မိန်းမကို အရမ်းမုန်းတယ်....''"သည်းခြေရာက ဆုံးသွားပြီလေ
ညို့ရယ် အခုအချိန်က အရာအားလုံးက
နင့်အတွက်ကြီးပဲလေ နင်အရာရာကို
ရတော့မှာ ဒါ့ကြောင့် သည်းခံပြီး
ပါးပါးနပ်နပ်နေလေ...."ထိုအချိန် ညို့ သူငယ်ချင်းဖြစ်သူ
အပြောကြောင့် ခဏငြိမ်သက်သွား၍..."ဟုတ်တယ် နင်ပြောတာ မှန်တယ်
ငါ...ငါ အရာအားလုံးပိုင်တော့မှာ
အားလုံးက ငါ့ဟာတွေကြီး
ဖြစ်တော့မှာ အဟွန့်...ဟုတ်တယ်
ဖေဖေချစ်တဲ့ သူ့အချစ်ဆုံးသမီးလဲ
မရှိတော့ဘူး ငါ့ဆီက ဖေဖေကို
လုယူသွားမဲ့ လူမရှိတော့ဘူး
ဟား....''
![](https://img.wattpad.com/cover/307525244-288-k79889.jpg)