အပိုင်း(13)
"အာ အသက်ရူကြပ်လိုက်တာ..."
သည်း မျက်ဝန်းလေးမပွင့်ပဲ ခပ်တိုးတိုး
လေးပြောလိုက်ကာ သူမကိုယ်လေးအား
ရစ်ပတ်ထားတဲ့ အရာကြောင့် မျက်ဝန်းလေးများ ပွင့်လာ၍ လန့်ဖျန့်သွားကာ အော်
ဟစ်လိုက်ချိန်..."အား...."
"ဟ...ဘာလဲ..."
စည်းခဏအိပ်ပျော်သွားရာမှ
သူ့နားအနားတွင် ကပ်အော်လိုက်သော
အသံစာစာလေးကြောင့် အလန့်တကြား
ထရပ်လ်ိုက်မိ၍ ဘေးနံရံက မီးခလုတ်အား
ပြေးဖွင့်လိုက်သည်။"ဟင်....မင်း...မင်း..."
သူ့အား မျက်နှာလေးငိုမဲ့မဲ့ဖြင့်
ငုတ်တုတ်လေးထိုင်ကာကြည့်နေသော
သူမကြောင့် စည်း ဘာလုပ်လို့လုပ်ရမှန်း
မသိတော့။"အီ...ဟီး...ဟီး...လူကြီးက သူများကို
ဖက်လဲဖက်တယ် ခွခဲခွထားတယ်..
ဟီး....သူများကို သူ့ကိုယ်ကြီးနဲ့ မစာမနာ...
ကြည့်ပါအုံး သည်း အသားတွေရဲကုန်ပြီ....
ဟီး...."ထအော်ပြီး သူမကိုယ်သူမလဲ
ကြည့်ကာပြောလာသော
သည်းခြေရာကြောင့် စည်း
မျက်ဝန်းပြူးသွားကာ.."တော်စမ်း မင်းကိုငါ ဘာမှမလုပ်ရသေး
ဘူးနော် သည်းခြေရာငါက
မင်းကိုခေါင်းအုံးမှတ်လို့ ဖက်ထားမိတာ...""အို လူကြီးကို ဘာပြောလို့လဲ...အဟင့်..
သူများကို ဖတ်ထားတာ ကြီးကလျာနဲ့
သွားတိုင်မယ်...အဟင့်...ဟင့်...''ပြောပြီး မျက်ရည်တွေသုတ်ကာ.
ထလိုက်ပြီး တံခါးဆီသွားနေသော
သူမကြောင့် စည်း ခေါင်းကြီးသွားကာ
သူမလက်ကလေးအား ပြေးဆွဲ၍..."ဟိတ် မင်းကို ဘယ်သူက သွားခိုင်းသေး
လို့လဲ...''"သွားမှာပဲ သည်းကိုလွတ် ရှင်ကြီးကို
ကြီးကလျာနဲ့တိုင်ပြီး လာရိုက်ခိုင်းမယ်..
အမလေး အဖေရဲ့ သည်းကို ခေါင်းအုံးနဲ့
မှားပြီးဖတ်တဲ့သူ ရှိသေးတယ် အီး..ဟီး..
ရွတ်..."လူကြီးလိူ ပြောပြီး ငိုကာ နှာခေါင်းလေး
ပါရှုံ့လိုက်သော သူမကြောင့် စည်း
မျက်မှောင်ကြီးကုတ်ကာထားသည့်
ကြားထဲက ရယ်ချင်မိသွားသည်။
![](https://img.wattpad.com/cover/307525244-288-k79889.jpg)