အပိုင်း(19)
ကျလိ...ကျိလိ...
တင်း....တင်း...တင်း...
"ဟင်..."
ကျေးငှက်သံလေးများအပြင်
ဘာကောင်လေးတွေမှန်းမသိသော
ဆူညံသံလေးကြောင့် သည်းအလန့်တကြား
လေး ထထိုင်မိသွား၍ အရှေ့ကိုကြည့်တော့လဲ
ရေများသာမြင်ရပြီးအခြားအရာ
ဘာမှမမြင်ရဘဲ အနောက်ကို ကြည့်တော့လဲ
သစ်ပင်များသာ မြင်ရပြီး ဘေးပတ်ချာ
လည်ကြည့်ချိန် သူမ ကျွန်းလေးတစ်ခုပေါ်
ရောက်နေတာအား သိလိုက်ရပြီး အထိန့်တလန့်မျက်ရည်များကျလာ၍ သူမဘေးကို
ကြည့်စဥ်...."ဟင်...လူ..လူကြီး.."
သည်း ဝမ်းသာအားရ ပက်လက်ဖြင့်
လဲနေသော လူကြီးအနီး ဒူးလေးထောက်
ကာ..."လူကြီး...လူကြီး ထ..ထပါအုံး..
သည်း သည်းကြောက်လို့ပါနော်..
လူကြီး...အဟင့်...ဟင့်..."လှုပ်ရှားမှုမရှိဘဲ နိုးမလာသော
လူကြီးကြောင့် သည်းဝမ်းနည်း
စိုးရိမ်ကာ မျက်ရည်လေးများ
စီးကျလာတော့သည်။ထို့နောက် သည်း လူကြီးရဲ့ပြာတက်လာသော
နှုတ်ခမ်းလေးကြောင့် စိုးရိမ်သွား၍
ပြာယာခက်သွားကာ လူကြီးနဖူးအား
စမ်းကြည့်တော့လဲ အေးစက်နေသော
ကြောင့် ဂါဝန်အညိုရောင် ဒူးအောက်လေး
ဝတ်ထားသော သည်းရေများစိုကပ်နေကာ
ကိုယ်လေးမှာ ကောက်ကြောင်းလေးများ
ထင်းလျှက်။ဒါကို အရေးမစိုက်နိုင်သေးဘဲ သည်း
လူကြီးကိုယ်ကြီးအား ပုခုံးကနေ
သူမရှိသမျှအားလေးနှင့် ဆွဲမကာ
ကိုယ်လုံးသေးသေးလေးနှင့် လူကြီး
ကိုယ်ကြီးအား ကုန်အမြင့်အထပ် ခက်ခဲစွာ
ဆွဲတင်လာလိုက်သည်။ဟူး..
"လေးလိုက်တာ လူကြီးကိုယ်ကြီးက..."
မောနေသော်လဲ သည်း အမောမဖြေနိုင်အားသေး။သူမစိတ်ထဲ လူကြီးပြန်သတိရလာဖို့အရေးသာ ရှိနေသည်။
လူကြီးကိုယ်ပေါ်က တီရှပ် အဖြူအစင်းအား
သည်း မရဲတရဲလေးချွတ်လိုက်၍
ဘေးက အပင်လေးမှာ လှမ်းလိုက်ပြီး
လူကြီးအား ချိုင်းကနေ မ၍
သူမကိုယ်သေးသေးလေးဖြင် အချမ်းပြေစေ
ရန်ဖက်ထားလိုက်တော့သည်။