အပိုင်း(14)
"ခရီး ဟုတ်လား သည်းလေး..."
"ဟုတ်တယ် ကြီးကလျာရဲ့
အားလုံးသွားကြမယ် ဟိုရောက်ရင်
ဆေးထုတ်လုပ်တဲ့စက်ရုံမှာ ဆေးသုတေသန
လုပ်ရမယ်တဲ့...''နွှာပေးထါးသော လိမ္မော်သီး
အမွှာလေးများအား ထိုင်ကာစား
မေရင်း သူမမေးသမျှကိူလဲ ဖြေနေသော
သည်းလေးအား.ဒေါ်ကလျာကြည့်၍..."သည်းလေးရော မလိုက်သွားဘူးလား..''
"မလိုက်ပါဘူး သည်းက ခရီးသွားတာ
မှ ဝါသနာပါ မပါတာ...""အဲ့ဒီလိုလဲ မဟုတ်ဘူးလေ သည်းလေးရဲ့
သည်းလေးအခုအချိန်ထိ ခရီးဆိုတာ
တစ်ခါမှ မသွားဖူးဘူး အခုက
ကျောင်းသားတွေရော ဆရာတွေရော
ဆိုတော့ သည်းလိုက်သွားပါလား
စိတ်ပြေလက်ပျောက်ပေါ့ လိုက်သွား
ရင်လဲ အကျိုးမှ မယုတ်တာသဲလေးရယ်...""ဟွန့် သည်းမှ မလိုက်ချင်တာ သည်းက
ဒီပိတ်ရက် ရေကူးမှာ အခုလဲ ခဏနေ
အပေါ်က ရေကူးကန်မှာ ရေသွားကူး
မလ်ို့...""သည်းရယ် ရေမကူးဘူးတာကြနေတာပဲကွယ်..."
"ဟီး ပြောရအုံးမယ်သိလား အပေါ်ထပ်အလွှာကသည်းဆရာဆိုတာလေ...ချစ်သူ ရသွား
ပြီသိလား ""လူငယ် လူပျိုရည်းစားထားတာ
စမ်းလား သည်းလေးရယ်...""စမ်းတာပေါ့ ကြီးကလျာရဲ့
သည်းဆို အကောင်းမမြင်ဘူး
မြင်လိုက်တာနဲ့ ဒီလိုကြီး မျက်မှောင်
ကုတ်ပြီး သည်းခြေရာဆိုပြီး
အော်ခဲ့တာ...သိလား သူ့ရည်းစား
ကြတော့ အော်မှာမဟုတ်ဘူးလေ.."မျက်မှောင်ကုတ်ကာ သူ့ဆရာသူမအပေါ်
ပြောတဲ့ပုံစံလေးတွေ လုပ်ပြနေသော
သည်းအား.ဒေါ်ကလျာ ချစ်မြတ်နိုး
စွာကြည့်၍.."ဒါကတော့ သည်းက သူ့တပည့်လေ
သူကဆရာဆိူတော့ တည်တည်နေတာ
နေမှာပါကွယ်...""ဟွန့် ကြီးကလျာကလဲ သည်းဘက်က
လိုက်မယ်မရှိဘူး လူကြီးဘက်ကပဲ
လိုက်နေတာ ဟွန့် ရေသွားကူးတော့မယ်..."ဆူပုတ်ပုတ်လေးပြောကာ ဆံနွယ်လေး
များအား ထိပ်လေးပေါ်စုတင်၍
ထုံးထားကာ အပေါ်က အင်္ကျီအပွကြီး
နှင့် အောက်က ဘောင်းဘီ ပေါင်တို
အပွလေးဖြင့် သဘက်လေးယူ၍
ရေးကူးရန် အပေါ်ထပ်သ်ို့ တက်လာလိုက်သည်။