အပိုင်း(53)

15.1K 329 2
                                    

အပိုင်း(53)

"ရွှေ မင်းအဆင်ပြေရဲ့လား...''

ရွှေ ကန်ဘောင်ကြီးဘေးရဲ့ ထိုင်ခုံတွင်
ထိုင်နေစဥ် အနောက်ကနေ မေးလာသော
ကိုကို ခေါ် ကိုစည်းရဲ့အမေးကြောင့်
ကန်ပြင်ကြီးရဲ့ ရေအပေါ်ကိုသာကြည့်ကာ...
သက်ပြင်းအသာချ၍..

"အမှန်တိုင်း ပြောရမလား ကိုစည်း
အမှန်ဆို ရွှေ အဆင်ပြေမနေဘူး
ရွှေတစ်ခါတစ်ခါ အတွေးဝင်မိတယ်
ရွှေက ရွှေမိဘတွေကို ထောင်ထဲပို့ပစ်မိတဲ့
သမီးမိုက်ဆိုပြီး..."

"ဒါ မင်းအမှားမဟုတ်ဘူး ရွှေ မင်းအခုလို
မလုပ်ရင် နောက်ဆက်ဆိုးကျိုးတွေက
အခုထက်ပိုဆိုးသွားလိမ့်မယ်...''

"ဟုတ်တာတော့ ဟုတ်ပါတယ် ပြီးတော့
အခုပုံစံဆို မေမေရောဖေဖေရော
နှစ်အများကြီးမကျဘူး အဲ့ဒါ ကိုစည်းကြောင့်
ရွှေတကယ်ပဲကျေးဇူးတင်ပါတယ်..."

"ငါကလဲ မင်းကိုကျေးဇူးတင်ပါတယ်ရွှေ
နောက်ဆို ဘာတွေဖြစ်လာအုံးမလဲမပြောတက်ဘူး အခြေအနေတွေမဆိုးခင်မှာ
ငါတို့မင်းရဲ့အကူညီကြောင့်တားလိုက်နိုင်ပြီပဲ...ဒါနဲ့မင်း အဲ့ဒီ ဆေးရုံကဓာတ်ပုံတွေကို
ဘယ်ကရတာလဲ.. "

"သားသား carmea လေးထဲကပါ
ရွှေ တစ်ရက်သားသားနဲ့တွေ့ပြီး
နှစ်ယောက်သားအမှတ်တရဓာတ်ပုံ
ရိုက်ပြီး ပြန်ကြည့်တဲ့အချိန် အမှတ်တမဲ့
တွေ့လိုက်တာပါ....''

"အဲ့ဒါကြောင့် သားသားရဲ့
Creamက ဖလိန်လိုနေတာကို..."

"ဒါနဲ့ကိုစည်း ရွှေ မေမေကြောင့်
သားသားက မိဘမဲ့စောသောဖြစ်ခဲ့ရတာ
ပြီးတော့ ရွှေရဲ့အသက်သခင်ကျေးဇူးရှင်
ရွှေကလဲ သားသားကို မြင်မြင်ချင်း
သားတစ်​ယောက်လို ချစ်တဲ့အတွက်
ရွှေ မွေးစားပါရစေ ကိုစည်း...''

စည်း ခဏအကြာစဥ်းစားနေပြီးမှ
ခေါင်းငြိမ့်ပြကာ..

"ကောင်းပါပြီ...သားသားက
ရွှေနဲ့နေချင်တယ်ဆို ကိုယ်
ခွင့်မပြုစရာအကြောင်းမရှိပါဘူး..."

ရွှေဝမ်းသာသွား၍ မျက်နှာလေးအပေါ်
အပြုံးများ ဖြစ်ပေါ်လာကာ..

"ကျေးဇူးပါ ကိုစည်း ရွှေ...ရွှေ
သားသားကို လူကောင်းလေး
တစ်​​ယောက်ဖြစ်အောင် ပြုစုပျိုး
ထောင်မှာပါ...''

My Wife (Unicode To Zawgyi) Completed Where stories live. Discover now