အပိုင်း(47)
ဆီစစ်တံလေးပေါ်မှာ ပေါ်နေသော
အနီမျဥ်းကြောင်းလေးနှစ်ကြောင်း...."သည်း မပြီးသေးဘူးလားဟ...
ငါအရမ်းစိတ်လှုပ်ရှားနေပြီ.. "ရေချိုးခန်းအပြင်ဘက်တွင် ထက်ထက်တစ်ယောက် စိတ်လှုပ်ရှားစွာ ပြောလာချိန်
ဆီးစစ်တံလေးကိုင်ထားက မယုံကြည်နိုင်စွာ
ကြည့်နေသော သည်း သတိပြန်ဝင်လာ၍
အမြန်ပြန်ထွက်လာလိုက်သည်။ဂျလောက်..
"ထက်ထက် ဒီမှာ..."
"အို...တကယ်ကြီးပေါ့.. ''
"အင်း...ဟုတ်တယ် ငါ...ငါ စ်ိုးရိမ်လိုက်တာ
ထက်ထက်ရယ်... "ဂါဝန်အဖြူဒူးလောက်လေးအား
ဝတ်ထားကာ ကလေးလေး
တစ်ယောက်လိုချစ်ဖို့ကောင်းနေသော
သည်းတစ်ယောက် မျက်နှာလေးငယ်နေကာ
ပြောလာသောကြောင့် ထက်ထက် မျက်ခုံးတွေပင့်တက်ကာ ကြည့်၍.."အို..သည်း ဒါဝမ်းသာရမှာလေဟယ်
ဒေါက်တာက သိရင် ဝမ်းမသာပဲနေမလား
နင့်ကို ဒီလောက် ထားစရာနေရာမရှိ
ချစ်တာ သိရင် အရမ်းဝမ်းသာမှာပေါ့...""ဟင့်အင်း လူကြီးက ကလေးယူချင်တယ်
လ်ို့တောင် ငါ့ကိုတစ်ခါမှ ပြောဖူးတာမဟုတ်ဘူးဟ ပြီး..ပြီးတော့ ငါ..ငါလဲဆေးကျောင်းသူတစ်ယောက်ဖြစ်ပြီး ပေါ့ရော့မိတာလေ ငါ့ကိုအပြစ်ပြောမှာ ကြောက်တယ်
ထက်ထက်ရယ်...''အစိုးရိမ်လွန်နေသော သည်းကြောင့်
ထက်ထက် ခေါင်းလေးရမ်းလိုက်ကာ."ဒေါက်တာက အဲ့ဒီလိုဖြစ်မဲ့လူမျိုးလား
အသက်ကလဲ ၃၀ တောင်ကျော်တော့မယ်
သူက ကလေးမယူချင်ဘဲနေမလား နင့်က
ငယ်သေးတော့ မပြောရက်လို့မပြောတာ
နေမှာပေါ့...""ဟင့်...မသိဘူး ဒါပင်မဲ့ ငါမပြောရဲဘူး
ထက်ထက်...""ဒါဆို ဒီလိုလုပ် အခုမပြောသေးဘဲ
လေးငါးရက်လောက်စောင့်ကြည့်လိုက်ဟာ...
ဒေါက်တာကို အဲ့အချိန်နင်သွေးထိုးစမ်း....""ဟမ်း...ငါက ဘယ်လို သွေးထိုးစမ်းရမှာလဲ..."
ထိုအခါ ထက်ထက်မျက်နှာ ဆရာကြီး
အပြုံးဖြင့်ပြုံးကာ..