အပိုင်း(49)
အိမ်ပြန်ရောက်တဲ့အထိ သူ့အနားကပ်ကာ
ငိုနေသေးသော သူမကြောင့် စည်း ဘယ်မှ
သွားလ်ို့မရသလို ဘာမှလဲ လုပ်မရပေ။"သဲလေး အရမ်းမငိုနဲ့တော့ကွာ ကိုကို
ဘာမှမဖြစ်ဘူးနော်....တိတ်တော့...
ဆေးထည့်ပေးမယ်နော်...""ဟင့်အင်း...လူကြီး သည်းအနားက
မသွားနဲ့နော်...ဟီး....အဟင့်...ဟင့်..."ထငိုလိုက်သော သူမကြောင့် စည်း
ဆေးဘုံးအားယူရန်ပြင်နေသော
လက်မှာ သူမကိုယ်လေးကိုယ်သာ
ခပ်တင်းတင်းဖက်တွယ်ထားကာ.."သဲလေးကကွာ...နောက်တစ်ခါဆို
အခုလို မဖြစ်ရဘူးနော်...ကြည့်ပါအုံး
ခြေထောက်မှာ သွေးတောင်ထွက်နေပြီ...""ဟင့်အင်း ထွက်ပါလိမ့်စေ သည်းအနားက
လူကြီးဘယ်မှမသွားနဲ့..."ပြောပြီး သူ့ရင်ခွင်ထဲကလေးတစ်ယောက်
လိုဝင်တိုးကာ သူ့ခါးကြီးအား.ဖက်တွယ်ထားသော သူမကြောင့် စည်း ကြည်နူးမှူနှင့်အတူ
မျက်နှာကြီးမှာလဲ ပြုံးဖီးနေကာ...သူမကိုယ်လေးအား ရင်ခွင်ထဲ ထည့်ဖက်ထားပြီး
မဆုံးနိုင်သော အနမ်းများဖြင့်ချော့မြူနေသော စည်း။"ဟီး...အဟင့်...လူကြီးနော် သူများငိုချင်နေတာ လာမနမ်းနဲ့..."
ငိုထားသောကြောင့် မျက်နှာလေးမှာ
အစ်နေကာ ချစ်စရာလေးဖြစ်နေသော
ဇနီးဖြစ်သူပုံစံလေးကြောင့် စည်း
ချစ်မဝတော့ပေ။"သဲလေးနော် ကိုကိုနဲ့ အနမ်းနဲ့ချော့ပေးနေတာကို...အဟွန်း ချစ်စရာလေး..."
သည်း လူကြီးအပြောကြောင့် ငိုနေရာမှ
မျက်နှာလေးပြုံးလာ၍.."လူကြီး..."
"ဗျ..."
"သည်းကို ချစ်လားဟင်..."
သူ့အား ရင်ခွင်ထဲကနေ မော့မော့လေး
ကြည့်ကာမေးလာသော သူမလေးကြောင့်
စည်း သူမ ချစ်စရာမျက်နှာလေးအား
စူးစိုက်ကာကြည့်၍.."ချစ်တာပေါ့သဲရယ် ကိုကိုက
သဲလေးကို ချစ်တာ တုန်တက်နေတာပဲ.. "သည်း လူကြီးရဲ့အပြောကြောင့်
မျက်စောင်းလေးထိုးပစ်ကာ.."လူကြီးနော် အရမ်းပိုတာပဲ.. "
![](https://img.wattpad.com/cover/307525244-288-k79889.jpg)