အပိုင်း(52)
"မဖြစ်ရဘူး ဟင့်အင်း လုံးဝမဖြစ်ရဘူး
စည်းက ငါ့သမီးနဲ့ပဲ ဖြစ်ရမယ်..."အခန်းထဲ ခေါက်တုန့်ခေါက်ပြန်
လျှောက်ကာ မျက်နှာမှာပျက်ယွင်းနေပြီး
ဒေါသကြောင့် မာထန်နေသော ဒေါ်ရွှေဥ။ဆံနွယ်များမှာလဲ အရင်လိမြသပ်ရပ်တော့ဘဲ
အနည်းငယ်ပွယောင်နေကာ စိတ်နဲလူနဲ
မကပ်တော့ပေ။စိတ်ပင်ပန်းမှုကြောင့် ရုပ်ရည်မှာလဲ
ကျသွားကာ လူကရက်အနည်းငယ်အတွင်း
မှာအိုစာနေတော့သည်။Ring..Ring..Ring...Ring..
Ring..Ring...Ring..Ring...
ထိုအချိန် ဖုန်းဝင်လာသောကြောင့်
ဒေါ်ရွှေဥ ကိုင်လိုက်ကာ.."အေးပြော..."
"သခင်မကြီး လုပ်ပါအုံး ကျွန်တော့်အနောက်
ရဲတွေလိုက်နေလို့...''"ဘာ..ရဲတွေဟုတ်လား..."
"ဟုတ်တယ်ဗျ..ကျွန်တော်မနက်ထည်းက
ပြေးနေရတာ ကယ်ပါအုံးဗျာ..."ထိုအချိန် မျက်နှာပျက်နေသော
ဒေါ်ဥတစ်ယောက် ထိန့်လန့်သွားကာ..."မင်းကိုငါ ထိုင်းကိုပို့ပေးမယ်
ငါပြောတဲ့ဆီမှာကိုရောက်အောင်သွား
မင်းအတွက် ငါပြောထားလိုက်မယ်
နေရာကို စာပို့လိုက်မယ်..."ဖုန်းချကာ လိပ်စာအားရ်ိုက်နေချ်ိန်..
"ဒေါ်ရွှေဥ အေးဆေးစခန်းလ်ိုက်ခဲ့ပါဗျ..."
"ဟင်..."
ထိုအချိန် ရဲများအိမ်ထဲဝင်ချလာ၍
ပြောချိန် သူမ မျက်နှာပေါ်တွင်
ထိန့်လန့်မှုများ ဖြစ်ပေါ်လာလျှက်.."ဘာလဲ ငါက ဘာကိစ္စလိုက်ရမှာလဲ
ရာရာစစ...""လူသတ်မှုနှင့်အတူ လုပ်ကြံမှု နဲ့ဝရမ်းလဲ
ပါပါတယ်...""ဘာ..ငါ...ငါဘယ်သူ့ကိုမှမသတ်ဘူး
နင်တို့ဘာတွေ လာပြောနေကြတာလဲ..."သွေးရူးသွေးတန်း ခေါင်းခါရမ်းကာပြောနေသော ဒေါ်ရွှေဥ တစ်ယောက် အရမ်းကို
ထိန့်လန့်နေပုံ။"ကျွန်တော်တိုဆီမှာ သက်သေအကုန်ရထား
ပြီးပါပြီဗျ...ဒါ့ကြောင့်စခန်းမှာပဲ ဆက်ပြောကြတာပေါ့..."
![](https://img.wattpad.com/cover/307525244-288-k79889.jpg)