အပိုင်း(9)
ဝူး....ဝေါ....
ကွန်ဒိုရဲ့ ကားပါကင်ရောက်သည်နှင့်
စည်းကားရပ်လိုက်ပြီး ခါးပတ်အား
ဖြတ်ပြီး ဆင်းဖို့ပြင်ချိန် ဘေးက
သူမအား သတိရသွား၍ ကြည့်လိုက်ချိန်
ကူရှင်ကို မှီကာ အိပ်ပျော်နေသော
သူမကြောင့် စည်းသက်ပြင်းချလိုက်မိသည်။"ဟေ့...ထစမ်း..."
ခူး....
သူနိုးသော်လဲ အိပ်မောကျနေသော
အသံလေးကြောင့် စည်း မျက်မှောင်
ကုတ်သွား၍..."ကျစ် ဒီအမွှေစိန်မတော့ လုပ်ပြီ..."
စည်း စိတ်မရှည်သူပီပီ သူမအား
ကြည့်၍...သက်ပြင်းချနေမိတာ
ခဏခဏပင်။လက်ကနာရီကိုကြည့်တော့လဲ လေးနာရီ
ထိုးတော့မည် ဖြစ်သောကြောင့် သူ
သက်ပြင်းသာ အကြိမ်ကြိမ်ချပြီး
အနောက်ကအိတ်ထဲက လက်နှစ်ဝါးလောက်သာ ရှိသော laptop အားယူကာ
လုပ်စရာရှိတာများ လုပ်နေလိုက်သည်။သူcomputerဖွင့်ပြီး နောက်ရက်
ခွဲစိတ်ရမဲ့ လာနာရဲ့ အချက်အလက်များ
အားကြည့်နေလိုက်သည်။မဲနက်နေသော မျက်ခုံးများက ပြေမကျသွား
လဲ ချောမောမှုများက အားကောင်းနေဆဲ။
တစ်ခုခုအား အာရုံစိုက်ကြည့်နေပုံစံက
တကယ့်ကို ကြည့်လို့ကောင်းကာ ချောမောနေစဲပင်။သွေးကြောများစိမ်းထနေသော လက်သွယ်သွယ်ရှည်ရှည်များက laptop လေးအပေါ်
ပြေးလွှာနေချိန်..Ring Ring Ring Ring
Ring Ring Ring Ring
Ring Ring Ring Ring...ထိုအချိန် ဖုန်းမြည်လာသောအသံ
ကြောင့် စည်း ကိုင်လိုက်သည်။"ဆရာ လာပါအုံး ဒီမှာ အက်စီးဒန့်ဖြစ်ပြီး
နှလုံး ကို ထိတဲ့ လူနာအရေးပေါ်ရောက်လာ
လို့ပါ...''တစ်ဖက်က စိုးရိမ်တကြီးပြောနေသော
ကောင်လေးအသံကြောင့် စည်းကိုယ်ကြီး
ကြွတက်သွားကာ..."ဟုတ်ပြီ ငါအခုလာခဲ့မယ် ငါပြောသလို
မင်း သူ့ကို အသက်ရူဖို့ အောက်စီဂျင်
ပေးထါးပြီးရင် သွေးထွက်ရန် လိုအပ်တဲ့
သွေး သွင်းထား ငါအခုလာပြီ...."စည်းပြောပြီးတာနဲ့ ဖုန်းချလိုက်ကာ
ကားလေးအား နေရာမှ ပြန်ထွက်၍
ဆေးရုံရှိရာကို အလျှင်အမြန် မောင်းထွက်
လာခဲ့တော့သည်။