အပိုင်း(50)
မထင်မှတ်ထားသော အမေးကြောင့်
သည်း ကြောင်အအလေးကြည့်နေမိကာ
ဘာမှမဖြေန်ိုင်။"ဖြေလေ ကိုယ်ဝန် က ဘယ်လောက်ရှိသွား
ပြီလဲ..."သည်း လူကြီးရဲ့အမေးကြောင့် ပြန်၍
သတိဝင်လာကာ..."ဟို...ဟို...ရက်တွက်ကြည့်မိတာ
နှစ်လနဲ့ သုံးလကြားမှာပါ လူကြီး...''ပြောပြီး ခေါင်းလေးငုံ့ကျသွားသော
သည်း လူကြီးကိုလဲ မကြည့်ရဲတော့ပေ။လူကြီးက ကလေးမလိုချင်သေးဘူးဆို
သည်းဘာဆက်လုပ်ရမှာလဲ။"အို...လူကြီး..."
ထိုအချိန် သည်းကိုယ်လေး
လူကြီးရင်ခွင်ထဲ ရောက်သွားပြီး
လူကြီးရင်ဘက်ကြီးအထက် သည်းမျက်နှာလေး ကပ်မိချိန်..."သဲလေးရယ် ဘာလို့ ကိုကို ကိုယ်မပြောတာလဲ က်ိုကို သတိမထားမိရင် ဘယ်အချိန်မှ
ပြောမှာလဲ.. "သည်း လူကြီးရဲ့ နွေးထွေးသော အသံ
လှိုင်းထနေသော အသံကြောင့် ခေါင်းလေး
မော့ကာကြည့်ရင်း.."လူကြီး...လူကြီးက ကလေးလိုချင်လားဟင်..."
စည်း သူ့အား စိုးရိမ်တကြီးကြည့်၍
မေးလာသော မျက်ဝန်းများအား
စူးစိုက်ကြည့်ကာ သူမကိုယ်လေးအား
ခပ်တင်းတင်းဖက်တွယ်ထားလိုက်၍..."သဲလေးရယ် ကိုယ်လိုချင်တာပေါ့
သည်းလေးငယ်သေးတော့ ကိုကို
ပြောမထွက်လို့ပေါ့ကွာ..."လူကြီးစကားကြောင့် သည်းမျက်ရည်များ
ဝဲတက်လာကာ ဝမ်းသာလွန်းသောကြောင့်
လူကြီးအား ခပ်တင်းတင်းပြန်ဖက်တွယ်ထားရင်း.."အဟွန့် သည်း...သည်းဝမ်းသာလိုက်တာ...
သည်း သည်းက လူကြီး မလိုချင်ဘူးပြောလာမှာ ကြောက်လို့မပြောရဲတာပါ...""သဲလေးကို ကိုယ်ဒီလောက်ချစ်တာ ဘာလို့
အဲ့ဒီလိုအတွေးမျိုးဝင်ရတာလဲကွာ...."သည်း လူကြီးရင်ခွင်ထဲကနေ လူကြီး
မျက်နှာချောချောကြီးအား မဝံ့မရဲ
ကြည့်ကာ.."ဟို သည်း...သည်း ပြောဖို့ လုပ်ပါသေးတယ်
အဲ့ညက အဲ့ညက လူကြီးက.. လူကြီးက..."
![](https://img.wattpad.com/cover/307525244-288-k79889.jpg)