အပိုင်း(32)
"အဟင့်..ဟင့်....သည်းလေရေ
အမျှ....အမျှ...အမျှ..."ဒေါ်ကလျာမျက်ရည်များကျလာ၍
အမျှပေးဝေနေသလို ဦးဆန်ကမ္ဘာ
တစ်ယောက်လဲ မျက်ရည်များကျကာ
ရေစက်ချနေသည်။"သမီးလေးရေ ကောင်းရာမွန်ရာ
ရောက်ပါစေကွယ်..."အားလုံး စိတ်မကောင်းစွာရှိနေစွာ
ဖခင်ဖြစ်သူဘေးထိုင်နေသော
ညို့တစ်ယောက် မျက်နှာပေါ်တွင်
မဲ့ကာနေတော့သည်။တောက်...သေသွားတဲ့လူကို
ဆွေးကြတာ တော်ရောပေါ့...
ဘာများအသုံးဝင်တော့လို့လဲ...
ဂျိုကောင်မ သေသွားတာတောင်
အားလုံးကို ဒုက္ခပေးသေးတယ်....စိတ်ထဲနေ မဲ့ကာပြောနေသော
ည်ို့ ။"ကဲ ဒါယိကာကြီးတို့ အရမ်းလဲ
ပူဆွေးမနေကြပါနဲ့ ပူဆွေးတာက
သွားလေသူအတွက် မကောင်းသလို
ဒါယိကာကြီးတို့အတွက်လဲမကောင်းဘူး
ကွဲ့...""တင့်ပါ့ ဘုရား....တပည့်တော်
ဆရာတော်ဆုံးမစကားကို
မှတ်သားထားပါ့မယ်ဘုရား....""ကောင်းပြီကွယ် ဒါဆို ဆရာတော်
ပြန်ကြွတော့မယ်နော်...""တင့်ပါဘုရား..တပည့်တော်
ကားနားအထိလိုက်ပို့ပါ့မယ်...""နေပါကွယ် ဆရာတော် တပည့်တွေ
ပါပါတယ် စိတ်ကို အေးချမ်းအောင်
နေပါကွယ်..."ဦးဆန်းကမ္ဘာ ပြန်ကြွသွားသော
ဆရာတော်အား ကြည့်နေရင်း
ရင်ထဲ ဆရာတော်ပြောသော
စကားများအား မှတ်သားနေတော့သည်။"အစ်ကိုကြီး ထမင်းစားပါအုံးလား.. "
"နေပါ ဖြူရယ် မစားချင်ဘူး...."
"အို အက််ိုကြီးမစားတာ
မနေ့ကထည်းကလေ
တော်ကြာ ကျန်းမာရေး
ထိခိုက်နေပါ့မယ်ရှင်...""ရတယ်ဖြူ သမီးကို
ဂရုစိုက် အကိုသမီးနောက်တစ်ယောက်
တော့ထပ်ပြီး အဆုံးအရှုံးမခံနိုင်တော့ဘူး....""ဆရာ..ဆရာ....''
ထိုအချိန်ဖွင့်ထားသေါတံခါးကနေ
ပြေးဝင်လာသော တပည့်ဖြစ်သူကြောင့်
ဦးဆန်းကမ္ဘာကြည့်လိုက်သလို ဧည့်သည်
များအားဧည့်ခံနေသော ဒေါ်ကလျာအပြင်
ညို့နှင့်ဧည့်သည်များပါ အကြည့်များ
ရောက်ရှိလာတော့သည်။