အပိုင်း(45)

16.6K 370 4
                                    

အပိုင်း(45)

"အဟင့်...ဟင့်....ပါချုပ် သူသမီးကို
အရင်ရိုက်တာပါ...အဟင့်...ဟင့်...''

ပါးနှစ်ဖက်လုံးတွင် အရိုက်ခံထားရတာကြောင့် ရဲနေပြီး ဆံပင်တွေမှာလဲ
ဆွဲထားတာကြောင့် ကောက်ရိုးပုံဖြစ်နေသော
မိန်းကလေးတစ်ယောက် ငို၍ပြောလာသော
ကြောင့် ကုဋေ ခေါင်းငြိမ့်လိုက်၍ တစ်ဖက်တွင် ဆံပင်များထိုးထိုးထောင်ထောင်နှင့်
ဂျစ်ကန်ကန်ရပ်နေသော နှစ်ယောက်ကြောင့်
ရယ်ချင်သွား ကုဋေ ရယ်ချင်သည့်စိတ်အား
မနည်းထိန်းထားရသည်။

"အခုဖြစ်တာ ဘယ်သူအရင်စတာလဲ​ပြော..."

"ဟို...ဟို ပါချုပ် သမီးကြောင့်ပါ..."

ထိုအချိန် စောစောက မိန်းကလေးမှာ
ပြောလာသောကြောင့် ကုဋေ မျက်ခုံးပင့်တက်သွား၍...

"ဘာကစတာလဲ...''

"ဟို...ဟို...သညျးခွရောကျို ဆရာကျို
အတင်းကပ်ပြီးယူထားတယ် ပြောမိတာပါ
အဲ့ဒါက်ို သမီးကို ပါးရိုက်တယ်...အဟင့်...
ဟင့်..."

ကုဋေသက်ပြင်းချလ်ိုက်၍ တပ်ထားသော
စာကြည့်မျက်နှာအား အသာပင့်တင်ကာ..

"သမီး အဲ့ဒီလို တစ်ဖက်သားကိုမပြောရဘူး
ဆိုတာသိတယ်မဟုတ်လား...သမီးတို့က
ဆေးကျောင်းသူတွေနော်အတွေးတွေကို
ရင့်ကျပ်သင့်နေပြီလို့ဆရာထင်တယ် အခု
နှစ်ဖက်စလုံး လက်ဆွဲပြီးနှုတ်ဆက်ကြ
သည်းခြေရာကလဲစပြီးလက်ပါမိတဲ့အတွက်
မှားတယ် နှစ်ဦးစလုံးဆရာအရှေ့မှာ လက်ဆွဲ
နှုတ်ဆက်ကြ...."

ထိုအချိန် နှုတ်ခမ်းလေးဆူနေ၍
ဂျစ်တစ်တစ်ရပ်နေသော
သည်း ဘေးကမိန်းမအားကြည့်၍...

"ပါချုပ်...သူကစမှားတာပါ သည်းမမှားဘူး...''

"ဟုတ်တယ် ပါချုပ် သည်းနဲ့ထက်ထက်
လမ်းလျှောက်လာတာကို သူတို့ကအတင်းပြောတာ ဖြစ်နိုင်မယ်ဆိုရင်
အတင်းပြေပုဒ်မနဲ့တောင်တရားစွဲလို့ရတယ်.."

နှစ်ယောက်သား အခုမှ နှုတ်ခမ်းတစ်ထော်ထော်နှင့်ပြောလာသောကြောင့် ကုဋေ
သက်ပြင်းချကာ..

"ဆရာစကားနားထောင်းပါ အားလုံးလက်ဆွဲ
နှုတ်ဆက်ကြ..."

ထိုအချိန်လေးယောက်သား မျက်နှာသေ
လေးတွေနဲ့လက်ဆွဲနှုတ်ဆက်ကြပြီး
ချိန် ကုဋေကြည့်လိုက်၍...

My Wife (Unicode To Zawgyi) Completed Where stories live. Discover now