အပိုင်း(36)
"လူကြီး...သည်းတို့က ပြန်ရတော့မှာပေါ့နော်...''
စည်း ပြန်ရန်အတွက် သိမ်းစရာရှိတာသိမ်းနေချိန် မျက်နှာလေးငယ်စွာပြောလာသော သူမကြောင့် မျက်ခုံးတွေပင့်တက်သွားတော့သည်။
"ဘာလို့လဲ သည်း မပြန်ချင်ဘူးလား.."
"မဟုတ်ပါဘူး သည်းက နေလို့မဝသေးလို့လေ...''
စည်း မွေ့ယာပေါ်မေးလေးထောက်ကာ
ကလေးလေးတစ်ယောက်လို မှောက်ခုံလေးနေ၍ ပြောလာသော သူမကြောင့် ပြုံးကာ..."ကိုယ်တို့ ဟန်းနီးမွန်း နောက်တစ်ခေါက်
ထပ်လာကြတာပေါ့...''"ဟင်....လူကြီးနဲ့သည်းက နောက်ပိုင်းဆို
အခုလို ခရီး ထွက်ရအောင် အချိန်ရလို့လား ""ဒီလိုပဲ အချိန် ကျန်ဖန်ယူရမှာပေါ့....
ဒါနဲ့ သည်း မင်းပစ္စည်းတွေကျန်ခဲ့မယ်နော်....""သည်းက အကုန်ထည့်ပြီးသွားပါပြီ...
ဒါပင်မဲ့လေ...."ပြောပြီး မျက်နှာလေးနီ၍ ခေါင်းလေး
ငုံ့ကျသွားသော သူမကြောင့် စည်းကြည့်၍
မျက်ခုံးတွေပင့်တက်သွားကာ..."ဘာဖြစ်လို့လဲ သည်း.."
"ဟို...ဟို...သည်း....သည်း...လမ်းမလျှောက်နိုင်လို့လေ...အဟင့်..."
ပြောပြီး ခေါင်းလေးငုံ့သွားကာ
ရှိုက်သံလေးပါထွက်လာသော
သူမကြောင့် စည်းမျက်ခုံးတွေပိုဿ
ပင့်တက်သွားကာ.."ဘာဖြစ်လို့လဲ သဲလေ...ခြေထောက်
ဘယ်နေရာထိသွားလို့လဲ....ချော်လဲရတာလား''စိုးရိမ်တကြီးမေးလာသော သူ့အားသည်း
ကြည့်၍ နှုတ်ခမ်းလေးဖိကိုက်လိုက်ကာ...
မဖြေဘဲ ခေါင်းလေးသာ ငုံ့နေလိုက်သည်။ဇတ်ကျိုးကျမတက်ခေါင်းလေးငုံ့နေသော
သူမကြောင့် စည်း ပို၍ စိုးရိမ်သွားကာ
သူမဘေးဝင်ထိုင်လိုက်လိုက်ကာ....သူမကိုယ်လုံးလေး ဖက်လိုက်၍.."က်ိုယ့်ကိုပြောလေ သဲ ဘာဖြစ်တာလဲ.. "
ထိုအခါ မျက်ရည်များစီးကျလာ၍
သူ့အား မျက်နှာလေးရဲကာ မော့ကြည့်လာသောသူမ။
