အပိုင်း(51)

16.4K 354 6
                                    

အပိုင်း(51)

ဆေးရုံဝန်းကြီးထဲ ဂါဝန်လေးဝတ်ထားကာ သူ့လက်အား အားကိုးတကြီးဖက်တွယ်ထားသော သူမ ပခုံးလေးအားဖက်ထားလိုက်ကာ...

"စိတ်လှုပ်ရှားနေတာလားသဲလေး..."

သည်း လူကြီးရဲ့ မျက်နှာချောချောကြီးအား
မော့ကြည့်လိုက်ကာ...

"ဟုတ်...သည်း နည်းနည်းကြောက်နေလို့..."

စည်း သူမရဲ့ ဂါဝန်စလေးအား ဆုပ်ကိုင်ထာသော လက်သေးသေးလေးအား ဆုပ်ကိုင်
ထားကာ...

"မကြောက်နဲ့ သဲလေးကိုကိုရှိတယ်နော်..."

ဆေးရုံကြီးရဲ့ Og အခန်းရှေ့တွင်
ခဏထိုင်နေစဥ်..

"ဒေါက်တာ ဆရာမကြီးက ဝင်လ်ို့ရပါပြီတဲ့..."

Nurseမလေးအပြောကြောင့် စည်း
သူမလေးလက်ကလေးအားဆုပ်ကိုင်
လိုက်ကာ..

"အထဲဝင်ကြမယ်နော်...''

"ဟုတ်..''

စည်း တို့အခန်းထဲဝင်လိုက်ချိန်
ရင်းနှီးနေသော ဆရာမကြီးမှာ
စည်းနှင့်သူမအားကြည့်၍..

"လာ သားနဲ့သမီးထိုင်..."

"ဟုတ်ကဲ့ ဆရာမကြီး..."

စည်းတို့ဆေးရုံတွင် အတော်ဆုံး
Og ဆရာမကြီးဖြစ်ပြီး လုပ်သက်ရင့်
ဆရာဝန်မကြီးဖြစ်သည်။

"ဆရာမကြီး ဒါ ကျွန်တော့်ဇနီးအတွက်
လိုအပ်တာလေးတွေ ပြချင်လို့ပါ..."

"ဟုတ်ပါပြီသား... အရင်ဆုံး
Ultrasound ရိုက်ကြည့်မယ်နော်
ပြီးမှ ဆရာမ လုပ်အပ်တာတွေ
သမီးလေးအတွက် လုပ်ပေးလိုက်မယ်...
သမီး ကုတင်ပေါ်လှဲလိုက်နော်..."

"ဟုတ် ...''

"လာသဲလေး ကုတင်ပေါ်
လှဲလိုက်နော်..."

စည်း သူမလက်ကလေးအားကိုင်ကာ
ကုတင်ပေါ်တင်ပေးလိုက်ပြီး
စိတ်လှုပ်ရှားလို့ ထင်သည်
အေးစက်နေသောလက်သေးသေးလေးအား
စည်းထပ်ဆုပ်ကိုင်ထားကာ သူမ ဆံနွယ်လေးများအားသပ်တင်ပေးနေမိသည်။

ဒါကိုဆရာဝန်မကြီးမှာကြည့်၍
ပြုံးလိုက်ကာ...

"သမီးကတော့ ဒေါက်တာကိုရတာ
ကံကောင်းလိုက်တာ အရက်ကဆို
အနေအေးပြီး အလုပ်ပဲခေါင်းထဲထည့်ထားတော့ မိန်းမမယူမှာတောင်စိုးရိမ်နေတာ
ယူတော့လဲ သည်းသည်းကိုလှုပ်နေတာ
အခုလိုမြင်တာ စိတ်ချမ်းသာတယ်ကွယ်..."

My Wife (Unicode To Zawgyi) Completed Where stories live. Discover now