အပိုင်း(38)
ခွမ်း....
ဂလုံ...
မီးဖိုထဲနှစ်ယောက်သား သည်းလေးတို့
လာတော့မည့်အချိန်နီးနေသောကြောင့်
ဟင်းပွဲများပြင်ဆင်ထည့်နေသလို
ဦးဆန်းကမ္ဘာသည်လဲ သမီးဖြစ်သူအား
ပြန်တွေ့ရတော့မည်ဆိုသောကြောင့်
ဧည့်ခန်းထဲ ဖင်တကြွကြွဖြစ်နေကာ
အိမ်ရှေ့ကားဝင်မည့်တံခါးဆီကိုပဲ
တမျှော်မျှော်ဖြင့် ကြည့်နေတော့သညိ။တီ...တီ....ပွန်...
"ဟင်....သည်းလေးတို့လား မောင်ဆန်းရေ..."
ထိုအချိန် ကားသံကြားတာနှင့် မီးဖိုထဲက
ဒေါ်ကလျာနှင့် ထက်ထက်ပြေးထွက်လာကာ
မျက်နှာမှာ အပြုံးကိုယ်စီဖြင့်။"ဟုတ်တယ် ဒေါ်ကြီး သမီးတို့ထင်တယ်..."
ထိုအချိန် ခြံထဲဝင်လာသောကားရပ်သွားသည့်နှင့် ဆင်းလာသော သမီးဖြစ်သူကြောင့်
ဦးဆန်းကမ္ဘာပြေးထွက်သွားသလို
ဒေါ်ကလျာနှင့်ထက်ထက်လဲ သည်းဆီကို
ပြေးသွားလိုက်သည်။"သမီး..."
သည်းလှပသော တိုက်လေးအား
ငေးကြည့်နေရင်း..ကားရပ်လိုက်သည်နှင့်
ဆင်းလိုက်ချိန် သည်းအားခေါ်၍
ပြေးလာသော ဖေဖေကြောင့် ဝမ်းသာသွားကာ သည်းလဲဖေဖေဆီအမြန်ပြေးသွားလိုက်ပြီး ဆီးကြိုနေသော ဖေဖေရင်ခွင်ထဲ
ဝင်တိုးကာ ဖေဖေခါးကြီးအားဖက်ထားလိုက်ကာ ငိုချလ်ိုက်တော့သညိ။"အဟင်..ဖေဖေ...ဟီး...အဟင့်..ဟင့်...''
ဦးဆန်းကမ္ဘာ သမီးဖြစ်သူအား
ဝမ်းသာစွာဖက်ထား၍ သူလဲမျက်ရည်များ
ကျလာကာ..."သမီးရယ် ဖေဖေဝမ်းသာလိုက်တာ
ဖေဖေသမီးလေး အသက်ရှင်စွာနဲ့ဖေဖေ
ပြန်တွေ့ရတာ ဖေဖေသေရင်တောင်သေပျော်ပါပြီကွယ်...""အဟင်..ဖေဖေကလဲ..ဟင့်...သည်းကို
ဝမ်းနည်းအောင် မပြောပါနဲ့...ဖေဖေက
သည်းနဲ့တစ်သက်လုံးအတူနေသွားရမှာလေ...
အဟင့်..."သမီးဖြစ်သူရဲ့ ကလေးဆန်ဆန် ချစ်စရာ.အပြောလေးကြောင့်
ဦးဆန်းကမ္ဘာမျက်ရည်များကျနေသည့်ကြားထဲကပြုံးလိုက်မိသည်။"အဟွန်း...ဟုတ်ပါပြီ သမီးရယ်..."
သည်းဖေဖေအား ပြုံးကာကြည့်နေစဥ်