အပိုင်း(35)
"ဟေး.....ပျော်စရာကြီး...."
စက်လှေလေးပေါ်ကနေ ထအော်လိုက်သော
သူမကြောင့် စည်း မိုးထက် ကုဋေတို့
သုံးဦးစလုံး ပြုံးလိုက်မိကြသည်။"လူကြီး..ဒါ..ဘာကျွန်းလဲဟင်.. ''
ထိုအချိန်သူ့အားလှည့်မေးလာသော
သူမကြောင့် စည်းပြုံးကာခေါင်းငြိမ့်ပြပြီး
ရေပြာပြာများနှင့်လှပနေသော ကျွန်းနှင့်
ပင်လယ်အားကြည့်ကာ..."ဒါ မြင်းခွာကျွန်းလို့ခေါ်တယ်...."
"ဝါး အရမ်းလှတာပဲ.. တောင်ပုံစံကျွန်းကြီးရော ပင်လယ်ရေပြာကြီးရော အရမ်းလှတယ်
သည်း ကြ်ိက်လိုက်တာ...."ပြုံးကာပြောလာသော သူမကြောင့်
စည်း မျက်နှာပေါ်တွင် ကျေနပ်
မှုများ ဖြစ်ပေါ်လာကာ..."မင်းကြ်ိက်ရင် ရပြီ..."
"ဟီး..ဟီး..."
သည်းပြောပြီး ရေလေးတွေအား လက်ကလေးဖြင့်ခပ်ကာဆော့နေလိုက်သည်။
"စည်း မင်းပြောတော့ ဒီနေ့ရန်ကုန်ပြန်မယ်ဆို
သည်းခြေရာကို ဒီကိုပို့ပေးချင်လို့မပြန်တာလား.. ""အင်း...ဟုတ်တယ် ရန်ကုန်ပြန်ရောက်
သွားရင် ငါ့အချိန်တွေက ဆေးရုံမှာကြီးပဲ
သူမကို အရမ်းဂရုစိုက်မနိုင်မှာဆိုးတယ်
ဒါ့ကြောင့် အခုသူမကို ပို့ထားတာ....''"ဘာလဲ မင်းက ဟန်နီးမွန်း အရင်ထွက်လိုက်တာလား..."
"အေး ငါထွက်နေမှန်းသိရင် မင်းတို့နှစ်ကောင်
အလိုက်သိပြီး စက်လှေတစ်စင်းထက်ငှာလေ..."ငှားလို့ရရဲ့သားနဲ့နှစ်ယောက်သား
အကျင့်ယုတ်စွာ ကပ်လိုက်လာသော
ကြောင့် စည်းထွက်လာထဲက
အမြင်မကြည့်။သူ့အပြောကြောင့် နှစ်ဦးသားမျက်နှာများ
ရှုံ့မဲ့ကုန်ကာ.."စည်း မင်းကလေ မထားတော့လဲမထားဘူး
ထားတော့လဲ ထားစရာနေရာမရှိဘူးဆ်ိုတာမင်းသိလား အဲ့ဒါပဲ သည်းခြေရာကို
ခံတွင်းထဲ ငုံထားလိုက်ပါလား...''"မင်းကလဲ အခုပဲ ငုံမတက်ဖြစ်နေတာလေ...''
စည်း မိုးထက်နဲ့ကုဋေရဲ့ အပြောကြောင့်
ပြုံးလိုက်ကာ....