အပိုင်း(23)
ဆေးရုံကြီးထဲ အားလုံးမှာတိတ်ဆိတ်နေကြ
၍ မျက်နှာတွေမှာလဲ မကောင်းဖြစ်နေကြတော့သည်။"ဘယ်လို လုပ်မှာလဲ ဆေးရုံအုပ်ကြီး
ကျုပ်တို့လူနာကို ဘယ်သူတာဝန်ယူပေးမှာလဲ
ကျုပ်တို့က ဒေါက်တာအမိန့်စည်းကို
အားကိုးပြီး အဝေးကနေ လာခဲ့တာ
အခုတော့ မရှိဘူးတဲ့လား..."အားလုံးစိုးရ်ိမ်သောကရောက်နေကြသလို
အားကိုတကြီး လာရောက်ကုသကြသော
လူနာများမှာလဲ အားလုံး အထိန့်တလန့်
ဖြစ်နေကြတော့သည်။အားလုံးရဲ့ ရင်ထဲတွင် နေရာအပြည့်
ယူထားနိုင်သော ဒေါက်တာအမိန့်စည်း။ထိုအရာအား မိုးထက် ဒေါင့်တစ်နေရာကနေ
ကြည့်ကာ..."စည်း မင်းမြင်လား..မင်းရဲ့လူနာ
တွေ မင်းကိုမေးနေကြပြီ မင်းမြင်ရဲ့လား
စည်းရာ ငါ...ငါ မခံစားန်ိုင်ဘူးကွာ..."မိုးထက် ပါးပြင်အထက်စိးကျလာသော
မျက်ရည်များအား လက်နှင့်အသာသုတ်၍
ထိုနေရာတွင် ဝမ်းနည်းစွာငိုနေစဥ်..."ဒေါက်တာ...."
ထိုအချိန် အနောက်ကကြားရသော
အသံတိုးတိုးသဲ့သဲ့လေး...သူလှည့်ကြည့်လိုက်ချိန် သည်းဆိုးသော
မိန်းကလေးရဲ့ သူငယ်ချင်း ထက်ထက်
ဆိုသော မိန်းကလေး။ပါးပြင်အထက်သို့ မျက်ရည်များကလဲ
စီးကျလျှက် နှစ်ရက်အတွင် ပ်ိန်သွားသော
သူမ။ဖြူဖျော့နေသော နှုတ်ခမ်းလေးများက
တစ်ဆက်ဆက် တုန်လာကာ..."မ...မဟုတ်ဘူး မဟုတ်လား
ဒေါက်တာ..ကျွန်မ...ကျွန်မသူငယ်ချင်း
ကျွန်မ သူငယ်ချင်း ရှာတွေ့ပြီ မဟုတ်လားဟင် သူ...သူ ထက်ထက်ကိုစိတ်ဆိုးနေလိူ့
လာမတွေ့တာ မဟုတ်လားဟင်..."ဝမ်းနည်းတကြီးလာမေးနေသော
သူမအား မိုးထက်ကြည့်၍ သူမနည်းတူ
မျက်ရည်များကျနေကာ ဘာပြန်ဖြေရမလဲ
မသိတော့။သူငယ်ချင်းဖြစ်သူအပေါ် အရမ်းချစ်သော
သူမရဲ စိတ်အား ခန့်မှန်းမိကာ သူမအရမ်း
ခံစားနေရတယ်ဆိုတာ သူနားလည်မိသည်။
![](https://img.wattpad.com/cover/307525244-288-k79889.jpg)