Part 2
5.8K 351 20
"အမေ ငယ်က ဘာလို့ကြီးကြီးနဲ့ နေရမှာလဲ ဟင်"
"သားလေးအတွက်ပါ အမေ့သားလေးက မင်းခယောက်ျားတစ်ယောက်ပဲ မင်းကတော်ဖြစ်ဖို့ ဟုတ်ဘူး"
"လှရယ် သားက ငယ်ပါသေးတယ် ခုမှ ၁၀နှစ်ရှိသေးတာ မိဘရင်ခွင်အောက်နေသင့်တယ်လေ"
'ဦးထွန်းမောင်က မောင့်ငယ်လေးကို ပွေ့ထားပြီးပြောလိုက်သည်'
"အိုတော် ကျုပ်သားကို ကောင်းစားစေချင်တာ သူများတွေ တံတွေးခွက်ထဲ ပက်လက်မမျောစေချင်ဘူး ခုတောင် ကျုပ်သားက မင်းကတော် ဇာတာပါတယ်ဆိုတာ ဘယ်လိုသိကြလဲ မသိဘူး ကဲ့ရဲ့နေကြပြီ"
"သားငယ်လေးကို တခြားရွာပို့တော့ကော အဲ့ဇာတာက ပျောက်သွားမှာလား ဖြစ်ချိန်တန်ရင် ဖြစ်လာမှာလေကွယ်"
"ကိုထွန်းမောင် ရှင်မွေးထားတာ သားယောက်ျားတော့် ယောက်ျားလေး ရွာထဲက ကျုပ်သားကို အခြောက်လေးလို့ပြောနေကြပြီ ရှင်သိရဲ့လား အမေဖြစ်တဲ့ ကျုပ်က မခံနိုင်ဘူးး"
"ထွန်းထွန်းရယ် ငါကျွေးမွေးထားနိုင်ပါတယ် တစ်ရာတောမှာ ငါ့လက်ငုပ်လယ်လေးတွေရှိပါတယ်"
'ဒေါ်ထွေးကြိုင် က သူ့မောင်ကို ပြောပြလိုက်သည်'
"မမရယ် သားလေးက ငယ်သေးလို့ပါ "
"အမေ မငိုနဲ့နော် ငယ် ကြီးကြီးနဲ့လိုက်နေမယ်နော်"
"အမေတို့ အမြဲလာမယ်နော် မမမေကိုလည်း ခေါ်ခဲ့မှာနော် "
"ဟုတ်!"
"လှ ရယ် ကံကြမ္မာဖန်လာရင် မင်းပါသာ ဘယ်ဆီကို ဖွတ်ထားထား ဖြစ်လာမှာပဲ"
"အဲ့ဒီ မင်းကတော် ဆိုတာ ကျုပ်သေမှပဲ ဖြစ်ရမယ်တော် ဒါမိခင်ရဲ့အတ္တပဲ"
*အမေ မဖြစ်စေချင်တဲ့ မင်းကတော် ကို ငယ် မဖြစ်တော့ပါဘူး ဘဘုန်းက ဇာတာမှားတွက်လိုက်တာနေမှာပါ ငယ့်အစား မမက ဖြစ်နေပြီလေ အမေတို့သာရှိရင် ငယ်တို့အတူနေရပြီ ခုတော့ အမေနဲ့အဖေ့ရဲ့နောက်ဆုံး ထွက်သက်တောင် မမှီလိုက်ဘူး အဟင့်*
'ငယ် က အရင်ကအကြောင်းတွေ ပြန်တွေးရင် ထိုင်လျက်လေး ငိုနေတော့သည်'
"မောင်မောင်!! ဘာလို့ ငိုနေတာလဲ"
"အမေနဲ့အဖေ့ကို လွမ်းလို့ပါ ထွက်သက်တောင် မမှီလိုက်ဘူး"