Part 37
2.8K 166 7
"သားငယ်လေး အဆင်ပြေရဲ့လား မေဦးက လွမ်းနေတာ ပိန်သွားသလားကွယ်"
"ငယ်က ဝလာတာပါ မေဦးရယ် ငယ်လည်း တအားလွမ်းနေတာ"
"မင်းတို့မြင်လား အဲ့တာသားအမိရင်းတွေလေ ငါကမွေးသားသား"
"ဒေါ်ဒေါ်ရေးး ဒီမှာ မနာလိုနေတယ် "
"အားမနာကြနဲ့နော် သားတို့နဲ့သမီးလေး မနေ့ညက အတွဲခိုးပြေးလာတယ်ထင်လို့ ဒေါ်ဒေါ်က တက်မလာခဲ့တာ ဧည့်ဝတ်မကျေဘူး မထင်လိုက်နဲ့ကွယ်"
"မထင်ပါဘူး ဒေါ်ဒေါ်ရာ"3
"နာရေးအိမ်မို့ လူကတော့ ရှုပ်နေမှာပဲ အားမနာဘဲ လွတ်လွတ်လပ်လပ်နေကြနော်"
"နို့ ကျုပ်အမေ ဒေါ်ခတ္တာဦးက ဒီလိုလည်း သဘောကောင်းသေးတာလား"
"ခွေးစုတ်လေးကတော့"
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
တစ်ဖက်မှာလည်း
"ညကတည်းက လိုက်ရှာတာပဲ ဘယ်မှ မတွေ့ဘူးလေ မောင်အုပ်စိုး သူတို့သူငယ်ချင်းတွေအိမ်မရှိဘူးလား"
"မရှိဘူး အန်တီ ကျုပ်သေချာမေးပြီးပြီ ကျုပ်နဲ့အတူလိုက်လာကတည်းကနေ ပြန်မလာတာ"
"ကျုပ်တို့ အမှားပါလေ ကလေးတွေပဲ ချန်ထားမိတာ"
"ဓားပြတိုက်ပြီး သူတို့ကို ဖမ်းသွားတာသေချာပြီ မာမီ"
"နို့ မထိတ်သာမလန့်သာနဲ့ သျှားစစ်ညိုရယ် နင်က ဘာကိုအတိအကျပြောနေတာလဲ"
"ကျုပ်အခန်းထဲက ပိုက်ဆံတွေနဲ့ငွေစတွေ တစ်ပြားမှကို မရှိတော့ဘူး ပြီးတော့ ကျုပ်ပုဆိုးတွေမရှိတော့ဘူး"
"ဘုရားး ဘုရား စစ်မောင် ငါ့အခန်းထဲ သွားကြည့်ပါအုံး"
"အင်း"
"ကျုပ် ငယ့်ကို မေ့သွားခဲ့တာ မေ မေးမှ သိရတာ "
"ကိုယ့်ယောက်ျားများ အရင်မိန်းမအတွက်မေ့ခဲ့ရတယ်လို့ ကျုပ်သာ မောင့်ငယ်ဆို အိမ်ပေါ်ကဆင်းသွားမှာ"
"သားစစ် ဘာတွေပြော"
"ကျုပ်ကိုပြောမနေနဲ့ မင်းရဲ့ဟာလေးကို သူ့ရွာသူပို့ရအုံးမှာ"
"ဟာ ဟုတ်သား ကျုပ်သာအပါခေါ်မလာရင် ဒေါ်ခတ္တာဦးက ခြံဝကနေ ဓားနဲ့စောင့်နေမှာ အုပ်စိုး ကူရှာပါအုံးး"