Part 25
3.6K 201 11
"မောင်မောင်"
ခွပ်
"ခင်ဗျားကြောင့် ခင်ဗျားလူယုတ်မာ မမတို့မိသားစုကိုပြိုကွဲအောင်လုပ်တာ အခုထိ မပြန်သေးပဲ ဘာလို့ မျက်နှာပြောင်တိုက်နေတာလဲ"
'အငယ်က အိမ်ထဲဝင်ဝင်လာခြင်း မင်းညိုမျက်နှာကို ထိုးပြီးအော်ပြောနေသည်'
"မောင်မောင် တော်စမ်း ဒါ မမရွေးချယ်တဲ့လမ်း"
"ဒါဆို ကျုပ်နဲ့မီးငယ်လေးဘက်ဘာလို့မကြည့်တာလဲ ကျုပ်က မမ မျက်နှာနဲ့ နေရသူပါ ဦးမောင်လို ဒီလူကြီးက မီးငယ်ကိုချစ်မှာလား ဦးမောင်လောက် ကျုပ်ကို အလိုလိုက်မှာလား"
"သေချာတာကကော့ မမလောက်ဘယ်သူ့မှ မချစ်နိုင်ဘူး မမကို လက်ထပ်တောင် မင်းကို မခေါ်နိုင်ဘူး ကျုပ်က မင်းကို အလိုမလိုက်နိုင်ဘူး"
"မမ ကြားရဲ့လား ကျုပ်က မမမောင်အရင်းပါ"
"ဘာဖြစ်တာလဲ မောင့်ငယ် ဘာလို့ငိုတာလဲ"
'တောလုံးတို့သူငယ်ချင်းတွေနဲ့အတူ ကြီးမြတို့ ကိုတိုးတို့လည်းအိမ်ပြန်ရောက်လာကြတော့သည်'
"အီးးဟီးးးတောလုံးးး မမက မမလေ အီးးဟီးး"
"မငိုရဘူးလေ တိတ်တိတ် ဒါဖူးစာရေးနတ် ကျီစယ်တာခေါ်တယ် "
'တောလုံးက မောင့်ငယ်ပုခုံးပုတ်ပြီးနှစ်သိမ့်လိုက်သည်'
"မငိုပါနဲ့ သားလေးရယ် မြေးလေးကငိုနေပြီ"
"မီးငယ်လေးးးး လေးငယ်က မခွဲနိုင်ဘူး ဘယ်လိုလုပ်ရမလဲ မီးငယ်လေးကြီးလာရင် လေးငယ်ကို မုန်းနေမှာလားဟင် "
"သူမုန်းနေရမှာက ဖောက်ပြန်တဲ့ သူ့အမေကိုပဲ မင်းကို မဟုတ်ဘူး"
'အုပ်စိုးက အိမ်ထဲဝင်လာပြီးပြောလိုက်သည်'
"ဦးမောင်"
"ဘယ်လိုဖြစ်ရတာလဲ မောင်အုပ်စိုးရယ် "
"အားလုံးမှတ်ထားကြ သက်မေ့ငယ်က ကျုပ်နဲ့ဘာမှမသက်ဆိုင်တော့ဘူး အခုကျုပ်နဲ့သက်ဆိုင်တာ မောင့်ငယ်ပဲ"
"နို့ စက်ရှင်မင်းကြီး "
~မမ မြို့အုပ်မင်းက တစ်ခါတည်းများ လက်မှတ်ထိုးမလို့လား~
~ဟုတ်လောက်တယ် မြို့အုပ်မင်းပီသပါပေတယ်~
'အိမ်ထဲဝင်လာတဲ့ စက်ရှင်မင်းကြီး(တရားသူကြီး )မြင်ပြီး မင်းညို တိုးတိုးပြောမိလိုက်သည်'