Part 20
3.6K 213 18
"ကလေးတွေ နင်တို့ပြန်လာချိန်နဲ့ဆို မိုးချုပ်မှာနော် မနက်မှသွားကြပါလား"
"အခုထိနေမဝင်သေးပါဘူး မမသဲရယ် တောလုံးညို မင်းက ကျုပ်အိမ်နေတာလား သာလှအိမ်နေတာလား"
"ကျုပ်က ကြုံရာနေပဲ ဟေ့ကောင် ချဉ်ရည်ခွက် ဒီဘက်တိုးအုံး"
'တောလုံးက သာလှညီအစ်ကိုနဲ့ ထမင်းထိုင်စားနေကြတာဖြစ်သည်'
"လူက ဂျပု လက်ကတိုလိုက်တာ မြန်မြန်စား မင်းဖေလေးက ထသတ်တော့မယ့်ရုပ်"
"သူ့ပါသာ လောနေတာ မောင့်ငယ် ထမင်းလာစားပါ့လား မင်းမနက်ကတည်းက ဘာမှမစားရသေးဘူး"
"ကောင်းသားပဲ မမသဲ ကျုပ်ကို ထမင်းတစ်ဇလုံလောက်"
"ခွေးကောင်တွေ ကျုပ်အိမ်များ ထမင်းဆိုင်ထင်နေတာလား "
"ကုသိုလ်ရပါတယ် အကြီးလေးရယ် "
'မမချိုသဲက သာဟန်ကို ပြောပြီး ထမင်းခူးပေးလိုက်သည်'
"မင်းတို့အိမ် ငါလိုက်စားမှ ဦးမောင်ရှိလို့ မြို့အုပ်မင်းရှိလို့ဆိုကတော့ ဟင်းးဟင်း"
'သာဟန်က အံကြိတ်သံနဲ့ သတိပေးလိုက်သည်'
"မြိုစရာရှိတာ မြိုစမ်းပါ သာလှဖြင့်အေးလိုက်တာကို နောက်ကျလို့ကတော့ မြင်းလှည်းပေါ်တက်မလာနဲ့"
"သြော် သတ္တိအတော်ရှိနေတယ် ဘယ်သူ့အားကိုးနဲ့လဲ"
"ဦးမောင်အားကိုးနဲ့လေ"
"လင် ကို အားကိုးနေတယ်"3
'ဒီတစ်ခါတော့ သာလှကပါ ဝင်ပြောလိုက်တော့ သုံးယောက်အားနဲ့မို့ မောင့်ငယ် သွားဖြီးပြရသည်'
"မင်းတို့ကလည်း အားကြီးနဲ့ ကျုပ်ကစတာ စားစား ဟီးဟီး"
"နို့ ဒါနဲ့ မိဖြိုးကိုခေါ်အုံးမှာလား"
"ဒွေးလေးပုက မထည့်လောက်တော့ဘူး မိန်းကလေးတစ်ယောက်တည်းမို့"
'သာဟန်က အကြောင့်သင့်ပြောလိုက်သည်'
"သြော် သူက မိန်းကလေးက ကျုပ်တို့က မေ့နေတာ"2
"ဟားဟား မိဖြိုးသိရင် မောင့်ငယ်နဲ့တောလုံးတော့ ကျောကွာပြီပဲ"
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
"မိဖြိုးသာ ပါလာရင် သိပ်ပျော်ရမှာပဲ"