Part 38
2.9K 148 10
"ကျုပ်သားငယ်က ဘာလို့ စိတ်ဆင်းရဲ ပြီးပြန်လာရတာလဲ မြို့အုပ်မင်းတစ်ယောက်ဖြစ်ပြီး ကိုယ့်အိမ်ထောင်ဖက်အပေါ်တောင် ပျော်အောင်မထားနိုင်ဘူးလား"
"မဦးရယ် သူတို့ ခင်ပွန်းနှစ်ယောက်ကိစ္စလေ "
"တော်အသာနေစမ်းပါ"
"အဖေ့မိန်းမကို နိုင်တာလည်းမဟုတ်ဘဲနဲ့ မောင့်ငယ်က ကျုပ်ထပ်ကြီးတယ်နော် သားငယ်လို့က ကျုပ်ခေါ်သင့်တာ အခု အမေ ဆွေးနွေးသင့်တာ စုံထောက်ကြီးမိဘတွေနဲ့ ကျုပ်ကိုယူဖို့လေ"
"ငမူးကောင် အသာနေစမ်း အိမ်ပေါ်တက်အိပ်ဆိုမအိပ်ဘူး"
"နေပါစေ ဒေါ်ဒေါ်ရဲ့ ကျုပ်ရင်ခွင်အားပါတယ် ကလေး အိမ်ပေါ်တက်ကြစို့".
'ဒေါ်ခတ္တာဦးအကြည့်တစ်ချက်နဲ့ သျှားက တောလုံးကိုချီပြီးအိမ်ပေါ်ခေါ်သွားသည်'
~စစ်မောင် အဲ့ဒါ နင့်သားလား ငါနဲ့ခတ္တာဦးကို အမေများမှားနေသလား~
~မောင့်တုန်းကလည်း အိမ်ကအမေထပ် ညို့အမေကို သေအောင်ကြောက်ခဲ့ရတာပဲ  သားက အဖေတူသားပါဗျ~
"မောင့်ငယ်က အထင်လွဲနေတာပါ ကျုပ်အဲ့ဒါဖြေရှင်းမလို့လိုက်ခဲ့တာပါ"
"အစကတည်းက အစ်မရဲ့ယောက်ျားကိုယူထားရတယ်ဆိုပြီး ဘယ်လောက်အားငယ်နေလိုက်မလဲ မောင့်ငယ်ဆိုတာ အဖိုးတန်လေး ငယ်ငယ်ကတည်း မင်းရဲ့ခင်ပွန်းဖြစ်ဖို့ မင်းကတော်ဖြစ်ဖို့လေးကို ဘယ်လောက်အထီးကျန်ခဲ့ရလဲ ငယ်ငယ်လေးနဲ့ မိဘရင်ခွင်ကနေ ခွဲထွက်လာရတယ် လှကြိုင်ရေ အခုနင့်သားက နင်မဖြစ်စေချင်တဲ့မင်းကတော်ဖြစ်နေပြီ"
#လှကြိုင်က မောင့်ငယ် အမေနာမည်ပါနော်
"ကျုပ်လည်း အဲ့အဖိုးတန်လေးကို တန်ဖိုးထားပါတယ် ဘယ်သူမှဝေဖန်ကဲ့ရဲ့စရာမလိုအောင် ကျုပ်ဘဝမှာ မောင့်ငယ်နဲ့သမီးလေးရှိရင်ပြည့်စုံပါပြီ"
"အဲ့ဒါ သက်မေ့သမီးလေ မောင့်ငယ်ပြောသလို အစားထိုးနေတာလား"
"မဟုတ်ဘူး ဒေါ်ဒေါ် ကျုပ်အစကတည်းက ချစ်ခဲ့တာ မောင့်ငယ်ကို /သက်မေ့ငယ်ကို မောင့်ငယ်နဲ့မှားခဲ့တာ ကျုပ်ဝန်ခံပါတယ် စံပယ်တင်မှဲ့လေးနဲ့မို့ ချစ်ခဲ့မိတာ ဒါပေမယ့် မောင့်ငယ်ဆိုတာသိလိုက်ရတဲ့နေ့ကစ အဲ့စံပယ်တင်မှဲ့ထပ် ဘယ်ဘက်လက်ညှိုးမှာ မှည့်ရှိတဲ့လူကိုပဲတမ်းတမိတာပါ သမီးလေးက မရည်ရွယ်ဘဲဖြစ်သွားတာပါ ကျုပ်နဲ့သက်မေ့ငယ် လက်ထပ်တဲ့ ၅ နှစ်အတွင်း အဲ့တစ်ကြိမ်ပဲ ကျူးလွန်မိတာ ဘာလို့ဆို ကျုပ် သက်မေ့ငယ်နဲ့လက်ထပ်ပေမယ့် ကျုပ်ရင်မခုန်ခဲ့ဘူးဒေါ်ဒေါ်  သြော် ကျုပ်ပိုင်ဆိုင်နေရလို့ စိတ်ကမပြင်းပြတော့ပါလားတွေးခဲ့မိတာ သမီးလေးမျက်နှာကိုပဲ ကြည့်ပြီးသက်မေ့ငယ်ဘာလုပ်လုပ် မပြောခဲ့ဘူး သမီးလေး၃လ ပြည့်တော့မှ ကျုပ်အိမ်ပေါ်ရောက်လာခဲ့တဲ့ မောင့်ငယ်ဆိုတာကမှ ကျုပ်ရင်ခုန်သံအစစ် ဘယ်ဘက်လက်ညှိုးကမှည့်လေးဆိုတာသိလိုက်ရတာ ကျုပ်မှာအိမ်ထောင်ရှိနေလို့ ကျုပ်အချစ်ကို လွှတ်ချမယ့်ထဲမပါဘူးဒေါ်ဒေါ် ကံကောင်းတာက သက်မေ့ငယ်က ကျုပ်ကိုမချစ်ဘူး သူ့ချစ်သူရှိနေတာပဲ ကျုပ် မောင့်ငယ်ကိုချစ်နေတာ သက်မေ့ငယ်က
စလက်ထပ်ကတည်းကသိခဲ့တာမို့ မောင့်ငယ်ကိုရဖို့လည်း ကူညီပေးခဲ့တယ် ကျုပ်ချစ်တဲ့လူကို ကျုပ်အကွက်ကျကျစီစဉ်ပြီးလက်ထပ်ယူခဲ့တာ ကျုပ်မောင့်ငယ်ကို ၅နှစ်အရွယ်လေးကတည်းက အပိုင်လိုချင်အောင်ထိမက်မောခဲ့တာ ဒုတိယအကြိမ်ကောလိပ်မှာတွေ့တော့ လက်ထပ်ယူချင်တဲ့အထိမက်မောခဲ့ရတဲ့ အဲ့ကလေးက ကျုပ်အတွက် အစားထိုး ဖြစ်စရာလား ဒေါ်ဒေါ်  တကယ့်အစားထိုးက သက်မေ့ငယ်ကပဲ ဖြစ်ခဲ့တာ မောင့်ငယ် အိမ်ပေါ်စရောက်လာတဲ့နေ့က ကျုပ်မှာ ပျော်လွန်းလို့ ရူးမတက်ပဲ ပြီးတော့ သမီးလေးကိုချစ်ရတာက ကျုပ်နဲ့မောင့်ငယ်နဲ့ပါ တူနေလို့ မေအုပ်စိုးငယ်ဆိုတာ အုပ်စိုးမောင်နဲ့မောင့်ငယ်ရဲ့ သမီးပဲ"
'အုပ်စိုးက မမောနိုင်မပန်းနိုင် သူ မောင့်ငယ်ကိုချစ်တဲ့အကြောင်းတွေကို မျက်ရည်များကျလျက်ပြောပြတော့သည် နားထောင်နေကြတဲ့ လူအားလုံးလည်း မျက်ရည်များကျနေတော့သည်'