Part 21
3.4K 202 18
"ဘန်ကောက်လုံချည် တစ်ထည်ပေးပါ"
"မောင်လေးက အိမ်ထောင်ရှိလို့လား"
"နို့ အစ်မ သေချာကြည့်ပါ ဒါဘယ်သူလဲဆိုတာ"
'တောလုံးက မောင့်ငယ် ခမောက်ကို လှန်ပြပြီးပြောလိုက်သည်'
"ကတော်လေး ကြည့်ပါရှင် ကြိုက်တာယူပါ ဒါနဲ့လေ ကတော်လေးက ဘာလို့ အခုလိုပုံစံဖြစ်နေရတာလဲ"
'ဆိုင်ပိုင်ရှင်အမျိုးသမီးကြီးက ရှေ့ထွက်လာပြီး တရိုတသေပြောလိုက်သည်'
"---"
'မိဖြိုးက နောက်ကနေ တံတောင်နဲ့တွတ်ပြီး ပြောခိုင်းနေသည် မိုးမောက်တစ်နယ်လုံးက သက်မေ့ငယ်ကို မြင်ဖူးကြသည်'
"မောင် မသိအောင်ဝယ်ပေးချင်လို့လေ မောင်ကအခုမိုးမောက်ရောက်နေတာ တွေ့ရင် မသိအောင်လို့လေ"
"ရေလေး သောက်မလားရှင့် အသံတွေနာနေတာပဲ  အထဲကိုလာထိုင်ကြပါ မနွေးရေ ကတော်လေးအတွက် ဘန်ကောက်လုံချည်အဆင်တွေလာပြပါအုံး"
"ဟုတ်ကဲ့ မမလေး"
"ဒီမှာရှင့် ကြိုက်တာကြည့်ကြပါ ဒါလေးက နှစ်ထည်ပဲလာတာလေ အခုတစ်ထည်ပဲ ကျန်တော့တာ ပြာနုလေးမို့ လှတယ်"
*ဝိုးးးဒါက ဘန်ကောက်လုံချည်တွေလား5*
'၅ယောက်လုံး စိတ်ထဲကနေပြောမိလိုက်ကြသည်'
"ဒါလေးတွေကတော့ အရင်ပေါ်လေးတွေ ချည်သားကချောနေတာ မြို့အုပ်မင်း အဆင်တွေကြည့်ပါရှင် ကတော်လေးကြိုက်တာကြည့်ပါ"
"ဒါဆို ဒီအထည်လေးက ဘယ်လောက်လဲ"
"ဒါလေးက ၄၅၀တည်းပါ ဟိုအပြာနုလေးက ၅၀၀ပါ"
"ဘာ!!!!!!"5
"ဘာဖြစ်လို့လဲရှင့်"
"ငွေ၅၀၀ ဟုတ်လားအစ်မ လုံချည်၅ထည်လောက်ဆို အိမ်ဆောက်ရလောက်တယ်"
"ဒါ ကျုပ်တို့ဆိုင်က လက်လီလက်ကားမို့ ဈေးသက်သာတာပါ ကတော်လေး ကြိုက်တာယူပါ မောင်လေးတို့အတွက်ဈေးကြီးပေမယ့် ကတော်လေးအတွက်ကတော့ မပြောပ ပါဘူးရှင်"
~ဟေ့ကောင်တွေ ကျုပ်မှာ ငွေ၂၀၀ပဲပါတာ ပဲဖိုးပေါင်းတောင် မပြည့်ဘူး ဘယ်လိုလုပ်မလဲ~
'မောင့်ငယ်က ၅ယောက်ခေါင်းချင်းဆိုင်ပြီး တိုးတိုးလေးပြောလိုက်သည်'