Part 12
4.6K 278 34
ဂျုံး ဂျုံး ဂျက် ဂျက်
မိုးမောက်ဘူတာရုံ အနီးတွင် ထန်းခေါက်ဖာတစ်လုံးကိုပွေ့ပိုက်ပြီး ကောင်လေးတစ်ယောက်က ယောင်လည်လည်ဖြစ်နေတော့သည်
"ရင်းစိုင် ကို ဘယ်လိုသွားရမှာလဲ ဦးကြီးရေးး တမလွန်ကနေ လာကြိုပါအုံး"
"နို့ လူလေး ငယ်ငယ်ရွယ်ရွယ်နဲ့ဘာလို့ သေချင်နေရတာလဲ"
"ခင်ဗျာ ကျုပ်က ဘာလို့သေရမှာလဲ အဘရဲ့"
"နို့ လူလေးက တမလွန်ကဦးကြီးကို ခေါ်နေလို့လေ"
"ဖက်ဖက် လွဲပါစေ နမိတ်မရှိနဲ့ အဘရယ် တောလုံးညိုဆိုတဲ့ ကျုပ်က အသက်တောင် ၂၀မပြည့်သေးတဲ့ အနာဂတ်ရဲ့မျိုးဆက်သစ်လေးဗျ သေဖို့ကဝေးးကြီးးပဲ အခုက ကျုပ် ရင်းစိုင်ကိုမသွားတတ်နေတာ အရင်ကဆို ဦးကြီးက လာကြိုတယ် အခု ကျုပ်ဦးကြီးက သေသွားပြီဗျ"
"နို့ အဘ မသိလို့ကွယ်"
"ပုလိုက်တာ"
'သျှားစစ်ညိုက သူ့ကားဘေးမှာ ရပ်ပြီး တောလုံး ကို ခပ်လှန်းလှန်းကနေ  ကြည့်ပြီးပြောလိုက်တာဖြစ်သည်'
"နေကလည်း ပူလိုက်တာ ပြီးတော့ အိုက်လိုက်တာကိုပဲ မြင်းလှည်းကဘယ်လိုငှားရမှာလဲ မောင့်ငယ်ရေးးးးးးးမင်းအချစ်ဆုံးကြီးအဖြစ်ကို လာကြည့်ပါအုံးး သောင်ပြင်မှာ ငါးတင်နေသလို စကောထဲ ဇီးဖြူသီးလိမ့်နေသလို ကျုပ်မှာယက်ကန်ယက်ကန်ဟိုလိမ့်ဒီလိမ့်နဲ့ပါ"
'တောလုံး တစ်ယောက် ထန်းခေါက်ဖာလေးကိုင်ပြီး ဟိုမေးဒီမေးလုပ်နေတော့သည်'
"နို့ သျှောင်ပေစူး လေးနဲ့ပါလား ဒါနဲ့ သူက မောင့်ငယ်ကို သိနေတာပဲ"
'အစက တောလုံးက တဘတ်စနဲ့ခေါင်းကိုပေါင်းထားပြီး ခုမှ ချွတ်လိုက်တာမို့ အုန်းမုတ်ခွက်ကေသျှောင်ပေစူးလေးနဲ့ဖြစ်နေသည် တောလုံးညို ဆိုသည့်ကောင်လေးသည် တစ်ရာတောရွာမှာ မောင့်ငယ်နှင့်အတူကြီးပြင်းလာသော ငယ်သူငယ်ချင်းများဖြစ်ကြသည် တောလုံးသည် ယခု ကောလိပ်ဒုတိယနှစ်တက်ရမည်ဖြစ်သည် အရပ်က5'2" ပုပြီးအသားညိုကာမျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်း ခပ်တုတ်တုတ်လေးဖြစ်ပြီး သျှောင်ပေစူးလေးနဲ့မို့ တောလုံးညို ကို မြင်သူတိုင်းကချစ်ကြသည်'