Part 34
2.9K 166 15
"နို့ ကြီးတော် ဘာလို့ အိမ်ရောက်နေတာလဲ"
"ငါ့အကိုအိမ်ငါလာတာ နင့်အပူပါလား"
'အငယ် အိမ်ထဲဝင်လာချိန် တန်းလျားပေါ်က အေးမြတ်သူဇာထွေးကိုမြင်ပြီးမေးမိတာဖြစ်သည်'
"ကြီးတော် အကိုက ကျုပ်ယောက်ျားဗျ"
"အဲ့ကြီးတော်ဆိုတာ မခေါ်စမ်းနဲ့ ကိုမောင်က နင့်ယောက်ျားမှန်းသိပါတယ် မဏ္ဍပ်တိုင်တက်မနေနဲ့"
"တက်ရမယ်လေ အမိက ကျုပ်အစ်မယောက်ျားဆိုတာသိတာတောင် ယူချင်နေတာလေ"
"အဟက် အစ်မယောက်ျားဆိုတာတော့သိသေးသားပဲ ပွဲလန်တုန်းဖျာခင်းထားပြီး"
"----"
'အငယ်က အမှန်တရားတွေမို့ ပြန်မပြောတတ်တော့ပေ'
"ငါ့အိမ်နဲ့ စိတ်ဆိုးလာတာမို့ ဒီမှာနေမယ် မင်းဘာပြောချင်လဲ"
"အနေအထိုင်ဆင်ခြင်ရင် ရပါပြီ ပြီးတော့ ကျုပ်ရဲ့တူမကို မထိသ၍ကြိုက်သလောက်နေ"
"တောကကောင်ကများ ငါ့ကို အထက်စီးကလာပြောနေတာ"
"ဦးမောင်ရဲ့ဦးလေးတွေကသာ မမွေးစားရင် ခုချိန်အမိလည်း ကျုပ်ထပ်တောင် တောကျနေမလား ဘုရားဘေးနေရမလားပေါ့"
"ကိုယ့်ကုသိုလ်နဲ့ကိုယ်ပဲ ဒယ်ဒီတို့က ငါ့ကိုအမွေစားအမွေခံနဲ့လက်မှတ်ထိုးပြီးမွေးစားထားတာ"
"ကျုပ်ကိုလည်း ဦးမောင်က တရားဝင်လက်မှတ်ထိုးပြီး ယောက်ျားတော်ထားတာ"
"တောသားကတောသားပါပဲ"
"မွေးစားသမီးက မွေးစားသမီးပဲ ကျုပ်လိုနိမ့်ကျတဲ့တောသားက မြို့အုပ်ကတော်ဖြစ်တယ်လေ လုံးဝကိုမြင့်မြတ်ပြီးအထက်တန်းကျတဲ့ အမိကေကာ ကျုပ်လို မင်းကတော်ဖြစ်လို့လား"
"ကြက်ကန်း ဆန်အိုးတိုးသွားတာများ ကိုမောင်က နင့်အစ်မကိုရွဲ့ချင်လို့ဆိုတာသိထား"
"အမိတောင် ကျုပ်လို ဆန်အိုးတိုးမိလို့လား ကိုယ့်ကုသိုလ်နဲ့ကိုယ်ပဲ"
"နင်ကများ"
'အေးမြတ်က ထရပ်ကာ ညာဘက်လက်မြှောက်ပြီး မောင့်ငယ်ကိုရိုက်မယ်ပြင်လိုက်သည်'
"ရိုက်ရဲရိုက်ကြည့်လေ ကျုပ်သမီးကိုထိပြီးကတည်းက ကျေနပ်နေတာမဟုတ်ဘူး"