Part 17
3.6K 200 8
ဒဂုံမြို့တစ်နေရာတွင်
"ဒယ်ဒီ ဒီတစ်ခါတော့ မြတ် ကိုမောင်ကို ရအောင်လက်ထပ်မှာနော်"
"ဟုတ်ပါပြီ သမီးက အုပ်စိုးရဲ့ ဒုတိယဇနီးနေရာမှာ တကယ်နေနိုင်ရယ်လား"
"အို ဘယ်လိုဖြစ်ဖြစ်ပါ ပထမတစ်ခါကလည်း ဒယ်ဒီက မြတ် ဘက်မပါလို့ အန်ကယ်တို့က တောသူမနဲ့ပေးစားလိုက်ရတာ"
"နို့ မာမီသမီးလေးရယ် ဒဂုံမြို့ပေါ်မှာလဲ ရာဇဝတ်အုပ်တွေ စက်ရှင်မင်းတွေ မြို့အုပ်တွေပေါပါဘိနဲ့ ဘာလို့ ကလေးအဖေမှ စွဲလန်းနေရတာလဲ"
"အဲ့လိုမပြောနဲ့လေ ထွေးရယ် ကိုကို့ တူ က အရာရာထက်မြတ်နေတာပဲ ကိုကိုပြောရင် ညီခန့်တို့လည်း မငြင်းပါဘူး "
"ရှင်တို့ သားအဖသာ စိတ်ကြိုက်လုပ်တော့"
'အေးမြတ်သူဇာထွေး သည် ဒဂုံမြို့ရဲ့အရေးပိုင်မင်း ဦးအုပ်စိုးမြတ် နဲ့ စိန်ဆိုင်ပိုင်ရှင် ဒေါ် ဇာဇာထွေး တို့ရဲ့ အမွေစားအမွေခံ မွေးစားသမီးဖြစ်သည်  အုပ်စိုးမြတ်သည် မြို့အုပ်မင်းအုပ်စိုးမောင်၏အဖေဘက်မှ ဦးလေးအရင်းဖြစ်သည်
စီးပွားရေးနဲ့ အာဏာသည် အုပ်စိုးမောင်တို့မိသားစုထပ်ပိုရှိသည် '
"မောင်တိုးက ကြေးနန်းရိုက်ထားတာ ကိုမောင်က ကလေးမလေးတစ်ယောက်ကို တော်ကောက်တော့မလို့တဲ့လေ ဒယ်ဒီက အန်ကယ်ကို ပြောပေးအုံး ဒယ်ဒီပြောရင် အန်ကယ်ကနားထောင်ပါတယ်"
"ဟုတ်ပါပြီဗျာ သမီးကမောင်အုပ်စိုးအပေါ် မောင်နှမလိုခင်တွယ်တာကို အချစ်ထင်နေတယ်မှတ်လို့ ပထမတစ်ခါသဘောမတူတာ အခုသမီးက ဆန္ဒပြင်းပြနေတော့ ဒယ်ဒီသဘောတူတယ် ဖိတ်ခြင်းဖိတ် ကိုယ့်အိတ်ပေါ့ မောင်အုပ်စိုးချစ်နေရင် ဒုတိယဇနီးလည်းဘာဖြစ်လဲ သမီးက သူ့ရဲ့သည်းညှာပဲကို"
"ဒါမို့ ဒယ်ဒီကို ချစ်လိုက်ရတာ"
"ကျုပ်ကိုကြကော"
"မာမီကိုလည်းချစ်"
'အေးမြတ်က သူ့အဖေကိုဖက်ပြီး အမေ့ဘက်ပါဖက်ပြီးချွဲလိုက်သည်'
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
"ဖေ့သားမောင် မြင်းလှည်းကြီး စဉ်းလုံးလေးအတူပျော် ခွာမြောက်ကာလေးတသသ ပြေးထွက်ခဲ့ပြီနော်"
~စောက်တလွဲတွေ~
'သာဟန်ရဲ့ သီချင်းသံကြောင်း ကျန်လူတွေပြောမိကြသည်'