Part 24
3.2K 178 20
(ယဉ်လေးဘက်ကမိုးတွေရွာနေတာနဲ့ ရေးပြီးသား
Upမယ့်ဟာ ၂ရက်လောက်နောက်ကျသွားရတာ မြို့အုပ်မင်းနဲ့မောင့်ငယ်ညားပြီဆိုတော့ Upကမြန်တော့မှာပါ)
"ကိုမောင် ဘန်ကောက်လုံချည်ကို မောင်မောင့်ပေးထားတယ်ဆို"
"ဟုတ်တယ် မေ ကျုပ် မင်းနဲ့တိုင်ပင်မလို့"
"တိုင်ပင်တာက ရပါတယ် ကိုတိုးက မမအေးမြတ်လူနော် အခုချိန်လောက်ဆို သိနေကြကောပေါ့ ဘယ်လိုလုပ်မှာလဲ အန်ကယ်ခန့်လည်းသိလောက်ပြီ"
"သူတို့ အိမ်ကိုလာရင် သန်ဘက်ခါလောက်မှရောက်မှာ ဒယ္ဒီက နယ်ဘက်ခရီးလွန်နေတာ "
"မောင်မောင့်ကို လူတွေဝိုင်းကဲ့ရဲ့မှာ မလိုလားဘူးနော် ကြိုပြောထားတာ"
"ကျုပ် လက်ထပ်တောင် အနည်းကျဉ်းတော့ပြောခံရမှာပဲ မပူပါနဲ့ ကျုပ်အာဏာနဲ့ဖိလို့ရတယ်"
"တော်ကြာ အန်ကယ်မြတ်တို့လင်မယားက သူ့သမီးဘက်ကပါပြီး ကိုမောင်ရဲ့ ဒုတိယဇနီးနေရာ လာယူနေအုံးမယ်"
"ကျုပ် က မောင့်ငယ်ကို လိုချင်လို့ အဲ့သတင်းလွှင့်ခဲ့တာ ခရိုင်ရုံးမှာ လာလျှောက်သူတွေကို အလိမ္မာနဲ့ဖယ်ထုတ်နေရတာ"
"ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ မေ တောင် အံ့သြရသေးတာ အဲ့တုန်းက နောက်မှ ကိုမောင်မေတ္တာတွေမြင်လာရတာ စလက်ထပ်ကတည်းက ကိုမောင်က မောင်မောင်ကို ချစ်နေတာသိပါတယ်"
"ကျုပ် မင်းကို ကိုင်တွယ်ရခတ်မယ်ထင်တာ မင်းညို ကိုတောင်ကျေးဇူးတင်ရမယ်"
"မြို့အုပ်မင်းကြီးက အကုန်သိနေတာပဲ ဟုတ်တယ် မင်းညိုက ကိုမောင်နဲ့လက်မထပ်ခင်ကတည်းက မေ့ချစ်သူလေ ကိုမောင်နဲ့လက်ထပ်တော့ ရိုးရိုးသားသားပဲ သူငယ်ချင်းလိုအနားနေပေးခဲ့တာ မောင်မောင်ရောက်လာမှ ကိုယ့်ရင်ခုန်ရာဆီ စီးမျှောသင့်တယ်ထင်လို့"
"ကျုပ်တိုင်ပင်ချင်တာက မောင့်ငယ်ကို အကြပ်ကိုင်ပြီး ယူမလို့"
"ဘယ္လို အကြပ်ကိုင်မှာလဲ "
"အဲ့ဒါ မေ့သဘောကိုမေးမလို့ မေသဘောမတူရင် ကျုပ် တဖြေးဖြေးပဲ မောင့်ငယ် မေတ္တာကို ယူတော့မယ်"