Part 13
4.4K 244 18
"နို့ လူတွေစုံလို့ပါလား ဘာဖြစ်နေကြတာလဲ"
"မမသက်"
"ဟောတော် တောလုံးလေးး မမကစိတ်ပူနေတာ ဒေါ်ဒေါ်လှရဲ့ကြေးနန်းက ခုမှရောက်လို့လေ"
"ဆက်သွယ်ရေးက ညံ့ချက်ပဲ ကျုပ်မှာဖြင့် မိုးမောက်ဘူတာရုံမှာ ယောင်လည်လည်နဲ့ မြို့အုပ်မင်းကတွေ့လို့ခေါ်လာတာ"
"ကိုသျှားစစ်က ဘာဖြစ်နေတာလဲ မောင်မောင်"
'တန်းလျားပေါ်အိပ်နေတဲ့ သျှားကိုမြင်ကာမေးလိုက်သည်'
#စားပွဲခုံရှည်ရဲ့တစ်ဖက်တစ်ချက်ဆီမှာ တန်းလျား ချထားတာပါနော်
"ကျုပ်လည်း မသိဘူး အော်သံကြားလို့ မီးငယ်လေးနိုးတာနဲ့ အောက်ဆင်းလာတာ"
'အငယ်တူအရီးက တောလုံးဘေးထိုင်နေကြတာဖြစ်သည်'
"ကျုပ် ဗေဒင်ဟောတာကြားပြီး လဲကျသွားတာ"
"ဟမ်"×2
"မင်းက ဘာတွေဟောလိုက်လို့ ဦးသျှားက မေ့လဲရတာလဲ သေတော့မှာလို့များ မင်းအာရုံခံမိလို့လား "
"မဟုတ်ပါဘူး"
"ဒါဆို သူ့မိဘတွေ သေတယ် ဒါမှမဟုတ် သူ့အလုပ်ပြုတ်တယ် မြင်တာလား"
"မဟုတ်ဘူးး"
"ဒါဆို**"
"မောင့်ငယ်  မင်းမသိရင်အသာနေစမ်းပါ ကျုပ် ထ ခေါက်လိုက်တော့မယ်"
"ဟီးးးလက်ညောင်းလို့ အကြောဆန့်တာ"
"အဟိ"
'တောလုံးက အငယ့်ခေါင်းကိုခေါက်မလို့ လက်ဆန့်ပြီးမှ သူ့ရှေ့က မြို့အုပ်မင်းအကြည့်ကြောင့် ပြန်ထိုင်လိုက်ရသည် ထိုအဖြစ်ကို သက်မေ့က ကြိတ်ရယ်နေတော့သည်'
*ကိုယ့်ယောက်ျားက မောင် ဖြစ်သူကို ကြိုက်နေတာကို ရယ်နိုင်နေတယ်*
"ဖြိုးလေးလည်း ရောက်နေတာပေါ့လေ"
"---"
"မိဖြိုးးးမိဖြိုးမ!!"
"ဘာလဲ ဒီမှာ ကျုပ် ကြည့်နေတာ"
'ဖြိုးသစ္စာက သျှားစစ်အော်သံကြောင့်ရောက်လာပေမယ့် စရောက်ကတည်းက တောလုံးကို မေးထောက်ကြည့်နေတာဖြစ်သည်'
"တောလုံးညိုလည်း လူပါပဲ ခေါ်မကြားအော်မကြားနဲ့"
"နို့ သူက ချစ်စရာကောင်းတာကို သျှောင်ပေစူးလေးနဲ့ အသဲယားလိုက်တာ"