Part 35
2.8K 151 9
"ကျုပ်ကို မူနေတဲ့ စုံထောက်ကြီး တစ်ပတ်လောက်တော့ ပစ်ထားလိုက်အုံးမယ် အမေနဲ့အဖေရေ ဒီသားမိုက်လေးအတွက် ပူဆွေးလက်စနဲ့ပူဆွေးလိုက်ပါအုံး အမလေးးတွေးကြည့်လေ ကြောက်စရာကောင်းလေပဲ"
တစ်ရာတောရွာရဲ့တောင်ဘက် မြတ်မာလာရွာတွင် မိဘမဲ့လေးတစ်ယောက်ရှိသည် ထိုကလေး
က တောလုံးညိုနဲ့သူငယ်ချင်းဖြစ်ပြီး တောလုံးလို သျှောင်ပေစူးရှိသည် ဂျစ်ကန်ကန်မို့ တစ်ရွာလုံးနဲ့မတည့်ကြပေ ဘုန်းကြီးကျောင်းက ခေါ်ထားလေသည် ယခုလည်း သေသူက ထိုကလေးဖြစ်သည် တောလုံးနဲ့အတူပြန်မယ်ကို ထိုကလေးကကြာလို့မစောင့်ဘဲပြန်သွားတာဖြစ်သည် တောလုံးပြန်လာချိန်တွင် မျက်နှာမှာ ပုဆိုးစည်းထားတဲ့လူနှစ်ယောက်က ထိုကလေး
အား ရက်ရက်စက်စက် သတ်နေတာကိုမြင်ပြီး သူတို့သတိမထားမိချိန် သစ်ပင်ကြီးပေါ်တက်ပုန်းနေတာဖြစ်သည် ထိုလူနှစ်ယောက်ပြန်သွားချိန်မှ ဆင်းကြည့်ရာ သူ့သူငယ်ချင်း ဖြစ်နေတာတွေ့လိုက်ရသည် မြတ်မာလာဘုရားပွဲဈေးက သူနဲ့ဆင်တူဝယ်ထားတဲ့ အက်ျီလေးကို သူငယ်ချင်းက ဝတ်ထားတာဖြစ်သည်
"ငါ့စက်ဘီးပေါက်တာ ကံကောင်းလိုက်တာ ကျေးဇူးရှင်စက်ဘီးလေးရယ် မင်းကြောင့်ငါမသေတာ သူငယ်ချင်းအောင်ဘရေ ကောင်းရာဘဝရောက်ပါစေကွာ နောက်ဘဝမှာ မိဘကောင်းတွေနဲ့တွေ့ပြီး အခုလို ရွာရဲ့ချဉ်ဖက်မဖြစ်ပါစေနဲ့ ပြီးတော့ အခုလိုအဖြစ်ဆိုးနဲ့ မကြုံပါစေနဲ့ ကျုပ်မပါလို့မင်းအခုလိုဖြစ်ရတာ ကျုပ်သာပါရင် မျှပြီးသတ်ကြမှာ နောက်ဘဝကြမှ အတူသေပေးပါ့မယ်ကွာ ခုတော့ မင်းအရင်သေလိုက်ပါအုံး "
'တောလုံးလည်း ကြောက်ပေမယ့် သူ့ပုဆိုးလေးချွတ်ပြီး အောင်ဘအပေါ် ခြုံပေးထားခဲ့သည်'
"ငါ့ကို လူသတ်သမားထင်နေမှပဲ အမြန်ပုန်းနေမှ"
'တောလုံးလည်း လူသံတွေကြားပြီး သစ်ပင်အမြင့်ပေါ်တက်ပုန်းနေလိုက်တော့သည်'
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
"မောင်ရင် အလောင်းကိုလွှတ်အုံးလေ"
"-------"
"နေပါ့စေ ဘိုးလေးရယ်"
'ရွာထဲမှအဘိုးတစ်ယောက်က သျှားကိုပြောတာ ဘာမှမတုန့်ပြန်တာမို့ ဦးခန့်ပိုက်ကဝင်ပြောလိုက်သည်'