Part 31
3.2K 189 19
"ဒွေးဘုတ်ဆုံ"
"နို့ သာဟန် ဘာကိစ္စရှိလို့လဲ"
"မြို့အုပ်မင်းခင်ပွန်းက အကြွေးတောင်းခိုင်းလို့ပထမဝါဆိုလဆန်း၃ရက်က အရင်ကတော်လေးဆီက ငွေငါးကျပ်တစ်ခါ နတ်တော်လမှာ ငါးကျပ်နဲ့စုစုပေါင်း ငွေတစ်ဆယ် ပေးပါ"
"ဟဲ့ အဲ့အကြွေးကို ကတော်လေးက အကုန်ချေပေးသွားတာ အမလေးးကတော်လေးစေတနာကောင်းသလောက် မောင်က မကောင်းပါလား"
"ဒီမှာ ကြီးတော် ကျုပ်အစ်မက အကြွေးချေပေးရင် ဒီစာရင်းစာအုပ်ပေးသွားမှာ မဟုတ်ဘူး
ကျုပ်ကိုယ်တိုင်တောင်းရမှာ အားနာလို့ အဝေးနေပေးတာကို လာတောင်းရအောင်လုပ်နေတယ်"
"အခု မရှိသေးဘူး နောက်မှပေးမယ်"
"နို့ လေသံမာလှပါလား အကြွေးယူတော့ ဒီမျက်နှာ မဟုတ်ဘူးထင်ပါ့"
"မြို့အုပ်မင်းအားကိုးနဲ့ အနိုင်မကျင့်နဲ့နော် ငါ့အကြွေးမပေးနိုင်သေးဘူး"
"မုဆိုးမဆိုပြီး သနားလို့ အရင်လာတောင်းပေးတာကို မောင့်ငယ် ဘယ်ဘိုလုပ်မလဲ"
"ငွေ တစ်ဆယ်နဲ့ ညီတာကို သိမ်း"
"အေး ဒီဓားမနဲ့ ငရုတ်ဆုံယူခဲ့မယ်"
"ဟဲ့ မယူကြနဲ့ ငါက ထင်းခုတ်စားနေရတာ"
"ငွေတစ်ဆယ် ရှိရင် လာရွေး သာဟန် ပြန်မယ်"
'သာဟန်က ငရုတ်ဆုံကြီးပွေ့ အငယ်က စာရင်းစာအုပ်ချိုင်းညှပ် ဓားမကို ထမ်းကာ ပြန်လာကြတော့သည်'
"စီးတဲ့ရေ ဆည်တဲ့ကန်သင်းတဲ့ ဦးမောင် ရှာထားတာတွေ မပျောက်ပျက်အောင်လုပ်ရမယ်"
"ငွေ တိုးပွားအောင်လည်း လုပ်သင့်တယ်"
"ဘယ်လိုလဲ"
"ညနေ ကြို့ပင်ရွာသားတွေနဲ့ ကြ က်ပွဲရှိတယ် မင်းလိုက်မလား "
"ဦးမောင် ဆူနေမယ်"
"ခဏပဲကို မင်းသမီးပါ ခေါ်ခဲ့ ငါထိန်းပေးမယ်"
"မီးငယ်လေး ဘာလို့ခေါ်ရမှာလဲ ကလေးက ငယ်ငယ်လေးရှိသေး"
"ဆူခံရ ရင် မင်းယောက်ျားက သူ့သမီးမျက်နှာနဲ့မဆူအောင်လို့"