"မောင့်ငယ်"
"နို့ စောစောစီးစီး သူများအိမ်ဘာလုပ်လာကြတာလဲ"
"မင်းကတော်ကြီးကနော် စိတ်ကြည့်ပဲ"
"နို့ ဒါနဲ့ မြို့အုပ်မင်းက နင့်ကို ချော့ရဲ့လား"
"ဟင့် ချော့ဖို့နေနေသာ ကျုပ်တောင်မြင်ရဲ့လား မသိပါဘူး ရှင်အုပ်ဂလန်က"
"မင်းအချော့ခံချင်ရင် သူ့ဇနီးလုပ်လိုက်လေ ပြောကိုမပြောချင်ဘူး အခုမင်းစိတ်ကောက်နေတာက မီးငယ်အတွက်လား အူတိုနေလို့လား"
"ဘာ သာလွ ကျုပ်ကဘာလို့ အူတိုရမွာလဲ ပြန်ကြတော့ ကျုပ်ပန်းခူးမို့"
"မိဖြိုးတို့ အစောကြီးပါလား"
'တောလုံးက အိမ်ထဲကထွက်လာပြီးနှုတ်ဆက်လိုက်သည်'"ဝါး😱😱😱"3
"ဘာလဲဟ ကျုပ်တအားချောနေလို့လား"
'မိဖြိုးနဲ့အမွှာနှစ်ယောက်က တောလုံးကိုမြင်ပြီးပါးစပ်ဟောင်းလောင်းဖြစ်နေကြတော့သည်
အမြဲသျှောင်ပေစူးထုံးတဲ့တောလုံးက ဆံပင်ကို ဖြည်ထားတာမို့ ခါးအောက်ထိရှည်ကာ ခညွသွားအကွီ လေးနဲ့ ဝတ်ထားပြီး ပုပုသေးသေးဖြင့် မိန်းကလေးလိုချစ်စရာကောင်းနေသည်'"မရေတာ့ဘူး ကျုပ် တောလုံးညိုကို ကြွေသွားပြီ တောလုံး ကျုပ်နဲ့လက်ထပ်မလား"
"ဒီ မသာမ သူများအပိုင်ကို မပြစ်မှားနဲ့ ကျုပ်က စုံထောက်ကြီးရဲ့အိမ်ထောင်ဖက်ဖြစ်မှာ သြားသြား ဝေးဝေး"
"ဟိုက သူ့ဆို ခါးခါးသီးသီးဖြစ်နေတာကိုနော် အမောင်တောလုံးတို့က"
"ဟေ့ကောင် သာလွ မင်းက ဖူးစာဖက်မရှိတော့ ဘယ်ခံစားတတ်မလဲ"
"မင်း အေသပဲ"
'သာလွက လိုက်ကန်နေတာကို တောလုံးက ဇွန်ပန်းရုံကို ပတ်ပြေးနေသည်'"မဆော့ကြနဲ့ ကျုပ်ကို ဇွန်ပန်းကူသီပေးအုံး ဘုရားကပ်မလို့"
"အေးအေး ကွတ်ပျစ်ပေါ်မှာသီလိုက်မယ် အပ်ချည်ကဘယ်မလဲ"
"အဲ့အပေါ်မှာပဲ ရော့ ပန်းတွေ မနမ်းနဲ့နော် ဘုရားကပ်မှာ သာဟန္က ကျုပ်ကို ကူခူးပေး"
"အေးအေး"
'အိမ်ရှေ့မန်းကျဉ်းပင်အောက်ကွတ်ပျစ်ကြီးမှာ တောလုံး မိဖြိုးနဲ့သာလှက ပန်းသီနေကြပြီး မောင့်ငယ်နဲ့သာဟန်က ဇွန်ပန်းခူးနေကြသည်'
YOU ARE READING
Romance1900ခေတ်နှောင်းပိုင်းလေးပါ အမည် နေရပ်နဲ့အသုံးအဆောင် ဇာတ်လမ်းအားလုံးက ယဉ်လေးရဲ့ စိတ်ကူးများသာဖြစ်သည် အပြင်မှာတူညီမှုရှိပါက တိုက်ဆိုင်မှုအဖြစ်မှတ်ယူပေးကြပါ အမှားများရှိပါက သည်းခံပြီးဝေဖန်ပေးကြပါရှင် 1900ခေတ်နှောင်းပိုင်းလေးပါ အမည် နေရပ်နဲ့အသုံးအဆောင် ဇာ...