Part 11
4.4K 253 20
"မောင်မောင် သမီးလေးအိပ်သွားပြီလား"
"ဟုတ်"
#သက်မေ့က သူ့မောင်ကို အမျိုးမျိုးခေါ်တတ်ပါတယ်နော် အငယ် ငယ် မောင်မောင် စသဖြင့်
"သက် မြတို့ ပြန်တော့မယ်နော် ညနေလည်းစောင်းနေပြီ မြို့အုပ်မင်း ပြန်လာတော့မယ်ထင်ပါ့"
"မမ ကျုပ်ပြန်**"
"ကိုမင်းညို ကျုပ်နဲ့ခဏလိုက်ခဲ့ပါအုံး မမ နေရစ်"
'အငယ်က မင်းညို စကားမဆုံးသေးဘဲ ဝင်ပြောလိုက်သည်'
"ဘာမှ မတွေးနဲ့နော် မမ"
'မင်းညိုက အငယ်သွားရာ အိမ်ရှေ့သို့လိုက်လာခဲ့လိုက်သည်'
"ခင်ဗျား ဒု သ န သော ကို မကြောက်ဘူးလား"
"နို့ ဘာကိုလည်း ကျုပ်နားမလည်ဘူး"
"ခင်ဗျား ကျုပ်မမကို ဦးမောင်ဆီကနေ ခိုးယူနေတာလေ"
"No No ကျုပ်မခိုးဘူး ကျုပ်က မမကို ချစ်သလို မမလည်းချစ်တယ်"
"ကာမပိုင်ရှိနေတဲ့ဇနီးကို ခင်ဗျားဘာလို့ချစ်တာလဲ ကျုပ်မမကို ဖောက်ပြန်တယ်လို့ပြောကြမှာပေါ့"
"ဒါဆို ကာမပိုင်ဇနီးရှိနေရဲ့သားနဲ့ တခြားတစ်ယောက်ကို နှလုံးသားထဲထားပြီး ချစ်နေတဲ့ မင်းရဲ့ဦးမောင် ကို ကော ဖောက်ပြန်နေတယ်လို့ အမည်တပ်ရမှာလား"
"မဖြစ်နိုင်တာ ဦးမောင်က မမကို ဘယ်လောက်တောင်ချစ်လိုက်လဲ"
"မင်းမသိပါဘူး မောင့်ငယ်ရယ် နောက်ကျ သိလာမှာပါ"
"ကျုပ်ဘာမှမသိချင်ဘူး မမနဲ့ဝေးဝေးနေ"
"ကျုပ်မနေနိုင်ဘူး မမကို ချစ်တယ် ကျုပ် မမကို ချစ်နေတဲ့အတွက် မင်းပျော်ရလိမ့်မယ်"
"ဘာမှမဆိုင်ဘူး"
"ကျုပ် အချစ်တွေကြောင့်ပဲ မင်းတစ်နေ့ပျော်ရွှင်လာရမှာမောင့်ငယ် "
'မင်းညိုက အငယ့်ခေါင်းကို ပွတ်ပြီး ညီလေးတစ်ယောက်သဖွယ် ဆက်ဆံလိုက်သည်'
"မောင့်ငယ်!!!"
"ဗျာ!"
"ဒီကိုလာခဲ့"
'အုပ်စိုးက မင်းညိုရဲ့နောက်ဆုံးစကားနဲ့အပြုအမူကို သိပြီး အံကိုကြိတ်ပြီးခေါ်လိုက်သည် '