"မြို့အုပ်မင်း နောက်ကျလိုက်တာဗျာ ကားက
ကော""လမ်းပျက်နေလို့ မောင့်ငယ်တို့မအိပ်သေးတာလား"
'အုပ်စိုးက အိမ်ထဲက မီးရောင်ကို မြင်ပြီးပြောလိုက်မိသည်'"ဟုတ်မယ်ထင်တယ် မီးအိမ်မငြိမ်းသေးပုံထောက်"
"မောင်တိုး မင်းလည်းအနားယူတော့"
"ဟုတ်ကဲ့"
ကျွီ**
"ဦးမောင်!""မောင့်ငယ် မအိပ်သေးဘဲဘာလုပ်နေတာလဲ"
"ဦးမောင်ကို စောင့်နေတာ ကြီးမြကလည်းကူစောင့်တယ် ငယ် အားနာလို့ အိပ်ခိုင်းလိုက်တာ မီးငယ်လေးကအိပ်တာကြာပြီ"
"ကျုပ်ပြန်မလာရင် တစ်ညလုံးထိုင်စောင့်နေမှာလား"
"ဦးမောင် ပြန်လာမယ်လို့ စိတ်ထဲထင်နေလို့ လူကပျက်ပါပေ့နဲ့ အခုချိန်ထိရောက်မလာသေးတော့ ငယ် စိတ်ပူနေတာ"
"ဘာလဲ ခင်ဗျားလေး မုဆိုးဖို ဖြစ်မှာ ပူနေတာလား"
"ငယ်က ဦးမောင်အတွက်ပူတာပါ ဖြစ်ချင်းဖြစ်ရမယ်ဆို ဦးမောင်သာမုဆိုးဖိုဖြစ်စေချင်တာ"
"တော်ပြီ တော်ပြီ မင်းနဲ့ကျုပ် ညားတာမှတစ်ပတ်မပြည့်သေးဘူး လာအိပ်ကြမယ်"
"နို့ ဒါနဲ့ကားသံလည်းမကြားဘူး ဘာနဲ့ပြန်လာတာလဲ"
"ကားပျက်လို့ ခြေလျင်ပြန်လာတာ ကျုပ်ညောင်းနေပြီမို့ နားချင်ပြီ"
"ငယ် နှိပ်ပေးမယ်လေ လာ လာ"
'အငယ်က အုပ်စိုးလက်ကိုဆွဲခေါ်ကာအိမ်ပေါ်တက်သွားသည်'"မင်း အိပ်ချင်နေရင် အိပ်လေ"
"ရပါတယ် ဦးမောင်က အိမ်ထောင်ဦးစီး အိမ်ဦးနတ်လေ ငယ့်ရဲ့ယောက်ျားဆိုလည်းဟုတ်တယ် ငယ်အခုလိုလုပ်ပေးတာ ကုသိုလ်ရပါတယ် ဦးမောင်အိပ်တော့နော် ပင်ပန်းနေပြီ"
"ကျုပ်တစ်ခုပြောစရာရှိတယ်".
"ဟုတ် ပြောဗျ"
'အငယ်က နှိပ်ပေးတာမရပ်ဘဲ ပြောလိုက်သည်'"မင်းကို ပြောခဲ့တဲ့ ဒေါ်နွဲ့ခင်ကို သိလား"
"ဟုတ် ငယ့်ကြောင့် မမနဲ့မီးငယ်လေးပြောခံရတာပါ ငယ်တောင်းပန်ပါတယ်"
ESTÁS LEYENDO
Romance1900ခေတ်နှောင်းပိုင်းလေးပါ အမည် နေရပ်နဲ့အသုံးအဆောင် ဇာတ်လမ်းအားလုံးက ယဉ်လေးရဲ့ စိတ်ကူးများသာဖြစ်သည် အပြင်မှာတူညီမှုရှိပါက တိုက်ဆိုင်မှုအဖြစ်မှတ်ယူပေးကြပါ အမှားများရှိပါက သည်းခံပြီးဝေဖန်ပေးကြပါရှင် 1900ခေတ်နှောင်းပိုင်းလေးပါ အမည် နေရပ်နဲ့အသုံးအဆောင် ဇာ...