Part 30
3K 174 12
"နို့ မာမီ ဘာလို့ တခြားလူကို အိမ်ပေါ်ခေါ်တင်တာလဲ"
'သားအမိနှစ်ယောက် မျက်နှာချင်းဆိုင် အချေအတင်ပြောနေကြသည်'
"တောလုံးလေးက တခြားလူလား သျှားစစ်ညိုမင်းရဲ့အိမ်ထောင်ဖက်လေ "
"မာမီကလည်း အဲ့ပုစူးကောင်စကားမယုံစမ်းပါနဲ့ အဲ့လိုပဲတခြားလူက ကျုပ်ရဲ့အိမ်ထောင်ဖက်လို့လာပြောရင် မာမီယုံမှာတဲ့လား"
"နို့ ယုံစရာလား မာမီသေချာပေါက်သိတယ် တောလုံးလေးက မာမီသားမတ်ပဲ"
"ပြောရခတ်တာပဲ မာမီရာ တစ်ပတ် စောင့်ပေး ကျုပ်အဲ့ပုစူးကောင်နဲ့ မတွေ့အောင်နေမယ် သူပြောသလိုပဲ ဖူးစာပါရင် ဖာစာလာပူးသွားမှာပဲ"
"ကောင်းပြီလေ ဒီတစ်ပတ်အတွင်း တမင်ရည်ရွယ်တာ မဟုတ်ဘဲ သားတို့အမြဲတွေ့နေရင် တောလုံးလေးကို အိမ်ခေါ်ထားမယ် "
"တစ်ပတ်အတွင်း မတွေ့ဖြစ်ရင် အိမ်ခေါ်မထားဘူးနော် မာမီကတိ တည်ပါစေ"
'သျှား သူ့အမေကို မနိုင်တော့သည်မို့ အနည်းဆုံးလိုက်လျောလိုက်သည်'
"မင်းသာ ကတိတည်ပါစေ "
*ဖူးစာပါရင် ရှောင်လွဲမရပါဘူး ငါ့သားရယ် မင်းတို့ တွေ့ကို တွေ့ကြမှာ*
-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
"နို့ မြို့အုပ်မင်းကြီး ဘာတွေများကျေနပ်နေတာလဲ"
"ဟိုမှာ"
"နို့ မြို့အုပ်မင်းကြီး ခင်ဗျားက အခုမှ အိမ်ထောင်ကျဖူးသလို လုပ်နေတယ်"
'အုပ်စိုး မေးငေါ့ပြတဲ့ဆိုင်းဘုတ်ကိုမြင်ပြီး သျှားပြောမိလိုက်သည်'
မြို့အုပ်မင်း အုပ်စိုးမောင်
ခင်ပွန်း မောင့်ငယ်
ဆိုတဲ့ သစ်သားပြားပေါ်မှာ အမည်ထွင်းထားတဲ့နာမည်လေးက မြို့အုပ်မင်းရုံးခန်းရှေ့နေရာယူထားသည်
"ကျုပ်ချစ်ရသူနဲ့တော့ အခုမှအိမ်ထောင်ကျဖူးတာပဲ"
"ပိုလွန်းလိုက်တာ အခု မြို့အုပ်မင်းရဲ့သည်းညှာလေးက စိတ်အခြေအနေကောင်းသွားပြီလား"
'သျှားက အလုပ်စားပွဲဝင်ထိုင်ပြီးမေးလိုက်သည်'
"အင်း သက်မေ့လည်းနေ့တိုင်းလာသလို သူ့ရဲ့ပရုတ်သုတ်ခသူငယ်ချင်းတစ်သိုက်ကလည်း မရိုးရအောင်ကို မွှေလွန်းလို့ ကျုပ်သည်းညှာမှာစိတ်ညစ်ချိန်တောင်မရှိတော့ဘူး"