"မမ ဘယ်ကတည်းက ရောက်နေတာလဲ"
"စောနလေးကမှပါ မမရဲ့မောင်လေးက အရမ်းချစ်စရာကောင်းနေတာပဲ"
"သမီး သက်မေ့"
'ဒေါ်ခတ္တာဦးက သက်မေ့ကိုမြင်ပြီးမေးလိုက်သည်'"ဒေါ်ဒေါ်ဦး နေကောင်းရဲ့လားရှင့်"
"ကောင်းပါတယ်ကွယ် လာ ထိုင်ကြအုံးလေ သမီးအမျိုးသားကော"
"မင်းညိုက အမွှာတွေဆီမှာ ကူလုပ်နေတာ"
"နို့ အေးအေးဆေးဆေးထိုင်မနေဘူး အကိုကလည်း ဧည့်သည်ကို ခိုင်းနေတယ်"
'ဒေါ်ခတ္တာက သူ့အမျိုးသားကိုပြောလိုက်သည်'"ဧည့်သည်လို့မတွေးပါနဲ့ သက် က မောင်မောင့်အစ်မပါပဲ တတ်နိုင်သလောက်ကူချင်လို့ပါ"
"ထမင်းစားပြီးကြပြီလား"
"စားပြီးပြီ"
"အန်တီ သမီးလေးကို ပေးပါအုံး"
"မီးငယ်လေးကလည်း သူ့အမေကိုသိနေတယ် အလည်လေး"
"မမ သမီးလေးက လမ်းလျှောက်နေပြီ"
"ဟုတ်လား "
"စကားတွေလည်းပြောနေပြီ"
"မေမေ့သမီးလေးကအတတ်လေး"
"မမ အမေတို့ဆုံးတာ တစ်နှစ်ရှိပြီနော်"
"ငယ် ပျော်စရာအချိန်မှာဘာတွေ တွေးနေတာလဲ လာ မောင်နဲ့ ဧည့်ခံရမယ်"
'အုပ်စိုးက အငယ့်လက်ကိုဆွဲပြီး ထမင်းဝိုင်းတွေဆီခေါ်သွားတော့သည်'"ဖြိုးလေး ပင်ပန်းတယ် မလုပ်နဲ့ထိုင်နေနော်"
"အင်းပါ ချွေးတွေထွက်နေပြီ"
'မိဖြိုးက သာဟန်နဖူးချွေးသုတ်ပေးလိုက်သည်'"အမွှာတစ်ယောက်တော့ ဘက်ပဲ့ပါပြီ "
'မင်းညိုက စနေတော့သည်'"ဘက်ပဲ့တာကောင်းတယ်အကိုရေးး အိမ်မှာအရှုပ်ထုပ်လွတ်သွားတာပေါ့"
"ကိုယ်အဖြစ်မရှိ မရှိပေါ့"
ဒီလိုနဲ့ အကျွေးအမွေးအပြည့်အစုံနဲ့ မဂ်လာပွဲလေးကပြီးသွားတော့သည်"ကျုပ်မိဘတွေသေရတာ အဲ့ဓားပြတွေကြောင့် မကျေနပ်ဘူးးး"
'သူငယ်ချင်း၅ယောက် သရက်ပင်အောက်စုထိုင်ပြီးပြောနေကြသည်'
YOU ARE READING
Romance1900ခေတ်နှောင်းပိုင်းလေးပါ အမည် နေရပ်နဲ့အသုံးအဆောင် ဇာတ်လမ်းအားလုံးက ယဉ်လေးရဲ့ စိတ်ကူးများသာဖြစ်သည် အပြင်မှာတူညီမှုရှိပါက တိုက်ဆိုင်မှုအဖြစ်မှတ်ယူပေးကြပါ အမှားများရှိပါက သည်းခံပြီးဝေဖန်ပေးကြပါရှင် 1900ခေတ်နှောင်းပိုင်းလေးပါ အမည် နေရပ်နဲ့အသုံးအဆောင် ဇာ...