Part 9
4.6K 258 17
"နို့ မြို့အုပ်မင်းကြီး တွေးတောလှချည်လား ကျုပ်ဖြင့် မင်းကိုကြည့်ပြီး ရေဆာတယ်"
"ဘာမှမဆိုင်ဘူး"
"ဘာတွေကို အလေးအနက်တွေးနေတာလဲ"
'သျှား က ရေသောက်ရင်း မေးလိုက်သည်'
"ကျုပ် မောင့်ငယ် ကို ရအောင်ယူတော့မှာ"
"ဖွီးးးအဟွတ် အဟွတ် ဘာပြောတယ် မင်းရူးနေလား သူက မင်းယောက်ဖဖြစ်နေပြီ"
"သိတယ်"
"မင်းအုပ်ထိန်းမှုအောက်မှာထားပြီး မင်းသဘောတူသူတွေ့မှ ပေးစားမယ်ဆို "
"အခု ကျုပ်ကိုယ်ကျုပ် နဲ့ သဘောတူနေတာလေ မောင့်ငယ်အတွက် ကျုပ်လောက် ကောင်းတဲ့လူရှာမရဘူး"
"သြော် သြော် ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေတယ် ခင်ဗျားက ရှာခဲ့တာဆိုတော့နော် ကျုပ်နဲ့ သဘောတူပေးပါလား ကျုပ်က ဥစ္စာပေါ ရုပ်ချောပြီး အလုပ်အကိုင်လည်းတိကျတယ် အဓိကအချက်က ကျုပ်က လူလွတ်လေ မောင့်ငယ်က မင်းကို ကလေးအဖေလူအို နဲ့စာရင် ကျုပ်ကို ရွေးချယ်မှာအသေချာပဲ"
"မောင့်ငယ်က ကျုပ်အပိုင် ဇာတာကတောင် မင်းကတော်ဖြစ်မယ် ပြောထားတာ စုံထောက်ကတော်လို့ မဟုတ်ဘူး"
"နို့ သိပ်ပြီးကလေးဆန်နေပါလား မြို့အုပ်မင်းရဲ့ ဒီဗမာပြည်မှာ မြို့အုပ်မင်းက ခင်ဗျားတစ်ယောက်ပဲရှိတယ်ထင်နေလား"
"ဗမာပြည်ထဲမှာ ခန့်ညားတဲ့ မြို့အုပ်မင်းဆိုလို့ ကျုပ်နဲ့မင်းခေတ်ဝဠာမောင်ပဲရှိတယ် မင်းခေတ်က ကိုရေကြည် ရှိပြီးသား သစ္စာမဲ့တဲ့အစားမဟုတ်တော့ အဲ့တော့ ကျန်တဲ့ကျုပ်ကပဲ **"
'အုပ်စိုးက ယုံကြည်မှုအပြည့်နဲ့ပြောနေသမျှ သျှားက နားမခံနိုင်လို့ တားယူရသည်'
"တော် တော် လိုရာဆွဲတွေး ကျန်းမာရေးလုပ်မနေနဲ့ မင်းခေတ်က ကိုရေကြည်စမ်း ရှိရင် မင်းမှာ သက်မေ့ငယ် ရှိတဲ့အပြင် မေအုပ်စိုးငယ် လေးပါရှိတယ်နော်"
"မေ က ကျုပ်ကို မချစ်ဘူး အစက ငယ်သေးလို့ထင်နေမိပေမယ့် မောင့်ငယ်ရောက်လာမှ ပိုသေချာခဲ့တာ သမီးလေးအတွက်ကတော့ မပူပါဘူး သမီးက ကျုပ်လိုပဲ မောင့်ငယ်ကို ချစ်ပါတယ်"